Advertisement

Monday, December 17, 2012

နိုင်ငံတိုးတက်ဖို့ဆိုရင် ဝန်ထမ်းတွေကောင်းဖို့လိုပါတယ်

အစိုးရဘက်က မှားတာတွေရှိသလိုဝန်ထမ်းတွေဘက်ကလဲ မှားတာတွေရှိပါတယ်။ အစိုးရဘက်က မှားတာတွေ ကတော့
 (က)ဝန်ထမ်းတွေရဲ့လစာကနည်းပါတယ်။
(ခ)ဝန်ထမ်းတွေရဲ့ကြိုးစားလိုစိတ်ပေါ်လာအောင်တွန်းအားမပေးနိုင်ပါဘူး။
(ဂ)ဝန်ထမ်းတွေရဲ့အရည်အသွေးနိမ့်ကျနေပါတယ်။

(က)ဝန်ထမ်းတွေရဲ့လစာကနည်းပါတယ်။ဒီအချက်ကိုလူတိုင်းသိပြီးသားဖြစ်မှာပါ။ လစာနည်းပါးမှုကနေ
နိုင်ငံတော်အတွက်နစ်နာဆုံးရှုံးမှုတွေအများကြီးဖြစ်ပေါ်စေခဲ့ပါတယ်။ အငယ်တန်းဝန်ထမ်းတွေက လစာနဲ့ မလောက် ငှပါဘူး။ ဒါပေမယ့်သူတို့တွေကအများကြီးမခိုးနိုင်ပါဘူး။ တကယ်တမ်းခိုးတာက ရာထူးကြီးတဲ့ လူတွေ၊ လုပ်ပိုင်ခွင့် အများကြီး ရှိတဲ့လူတွေပါ။ သူတို့တွေကမစားလောက်လို့မဟုတ်ပဲ သူဌေးဖြစ်ကို ကြံနေ ကြတာပါ။ ခိုးနည်းလေးမျိုးရှိပါတယ်။
 (၁) ဒီဇယ်တို့၊သစ်တို့စတာတွေနဲ့ပါတ်သက်တဲ့လူတွေက အဲဒိပစ္စည်းတွေကို ရောင်းစားပါတယ်။ လုပ်ငန်းအတွက် ကြိုတင်ထုတ်ပေးငွေတွေကိုအလွဲသုံးစားလုပ်တဲ့လူတွေကလဲဒီအုပ်စုထဲမှာပါဝင်ပါတယ်။
 (၂)ပြည်သူတွေနဲ့ဆက်ဆံရတဲ့ လဝကတို့၊ရဲတို့ကျတော့ပြည်သူတွေဆီက ပိုက်ဆံတောင်းပါတယ်။
(၃)အရာရှိကြီးတွေကျတော့ မိမိလုပ်ပိုင်ခွင့်ကို အလွဲသုံးစာလုပ်ပြီးတော့ တံစိုးလက်ဆောင်ရယူပါတယ်။
(၄)ဘာမှမရတဲ့လူကျတော့ အချိန် ခိုးပါတယ်။ အလုပ်မလုပ်ဘဲနဲ့အချိန်တွေကိုဖြုန်းတီးပစ်ပါတယ်။

အဂတိလိုက်စားမှုအပြင်အခွင့်အာဏာအလွဲသုံးစားလုပ်မှုကိုလဲတားဆီးသင့်ပါတယ်။ ဝန်ထမ်းတွေကို ခရီးသွား လာမှု အဆင်ပြေချောမွေ့စေဖို့နဲ့ မိမိလုပ်ငန်းတွေကိုအချိန်နဲ့တပြေးညီ ဆောင်ရွက်နိုင်ဖို့ နိုင်ငံတော်မှ ကားတွေပေး ထားပါတယ်။ ဒါပေမဲ့တစ်လကို(၃၄)ဂါလံကို အထုတ်သာပြတယ်။အများစုက ကုန်အောင် မသုံးကြပါဘူး။ တစ်ချို့ကဆိုင်ကယ်နဲ့ အလုပ်လုပ်ကြပါတယ်။ ဒီလိုကုန်အောင်မသုံးတာကိုလဲ လူကြီး တွေကသိပါတယ်။ ဒါ့ကြောင့် ဆီအသုံးကို လျှော့ချခဲ့ပါတယ်။ အရင်ရှိနေတဲ့ ပမာဏရဲ့ ၃ ပုံ ၁ ပုံလောက်ကို လျှော့ချခဲ့ပါတယ်။ ဒါပေမဲ့လဲ လုပ်ငန်း မှာပဲ လျှော့သုံး ပြီးတော့အိတ်ထဲကိုတော့အပြည့်အဝ ထည့်ကြ ပါတယ်။  အကျိုးဆက်ကတော့ လုပ်ငန်းတွေမပြီး တော့တာပါပဲ။ဝန်ထမ်းတွေသာ ရိုးသား ကြမယ် ဆိုရင် နိုင်ငံတော်ကလဲ အသုံးစရိတ် တွေလျှော့ချဖို့မလိုပါဘူး။ တစ်ချို့ဌာနတွေမှာ ကြိုတင်ထုတ်ပေးငွေတွေ ရှိပါတယ်။ နိုင်ငံတော်ကလိုအပ်လို့ ထုတ်ပေး ထားတာတွေပါ။ ဒီပိုက်ဆံ  တွေကိုမိမိတို့ဌာန တိုးတက်အောင် အသုံးပြုရမှာပါ။ ဒါတွေကိုလဲ အိတ်ထဲပဲ ထည့်ကြပါတယ်။ ဖြေရှင်း ရမယ့်နည်းလမ်းက နှစ်ခု ရှိပါတယ်။ တစ်ခုကတော့ လစာတွေကိုတိုးပေးပြီး တော့ဒီလိုမသမာတဲ့လုပ်ရပ်တွေကို ပြင်းပြင်း ထန်ထန် အရေးယူတာပါပဲ။နောက်တစ်နည်းကတော့ဒီလိုလုပ်ရပ်တွေကိုနှိမ်နင်းပြီးတော့မှထွက် လာတဲ့ ငွေတွေ နဲ့လစာတွေကို တိုးပေ:တာပါ။ ဒီလိုမသမာတဲ့အလုပ်တွေကိုလုပ်နေတာက လူနည်းစုပါ။ဒါပေမဲ့ နစ်နာတာ ကတော့ တစ်နိုင်ငံလုံးပါ။

(ခ)ဝန်ထမ်းတွေရဲ့ကြိုးစားလိုစိတ်ပေါ်လာအောင်တွန်းအားမပေးနိုင်ပါဘူး။ ဝန်ထမ်းတွေဘာတွေ လိုအပ်သလဲ ဆိုတာသိဖို့လိုပါတယ်။
(၁)ဂုဏ်သိက္ခာရှိရှိနဲ့နိုင်ငံ့တာဝန်ဝန်ထမ်းဆောင်နိုင်မည့်လစာမျိုးလိုအပ်ပါတယ်။
(၂)မိမိကြိုးစားမှုနဲ့ကိုက်ညီတဲ့ရာထူးတက်မှုမျိုးလဲလိုအပ်ပါတယ်။
(၃)အလုပ်ကိုအပြည့်အဝလုပ်နိုင်ဖို့အတွက် နားတဲ့အချိန်မှာလဲ အပြည့်အဝအနားယူဖို့လိုအပ်ပါတယ်။
(၄)မိမိရာထူးနဲ့ကိုက်ညီတဲ့တာဝန်ပေးမှုမျိုးလဲလိုအပ်ပါတယ်။
(၅)ကောင်းမွန်တဲ့ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အန္တရာယ်ကင်းတဲ့လုပ်ငန်းခွင်လည်းလိုအပ်ပါတယ်။

နံပါတ်(၂)အချက်ကတော့ဝန်ထမ်းတွေရဲ့ရာထူးတိုးပေးရေးကိုစဉ်းစားတဲ့အခါမှာလုပ်သက်နဲ့စဉ်းစားတာဟာ မှားယွင်းတဲ့အယူအဆ လို့ထင်ပါတယ်။ ဝန်ထမ်းတွေရဲ့ ကြိုးစားလုပ်ကိုင်လိုမှုကိုလျော့နည်းသွား စေနိုင် ပါတယ်။ လုပ်လုပ်၊မလုပ်လုပ်အချိန်တန်ရင်ရာထူးတိုးမှာပဲဆိုရင်အများစုက အလုပ်လုပ်မှာမဟုတ် တော့ပါဘူး။ ဆိုရှယ်လစ် စနစ် ကျရှုံးရတာဒီအချက်ကြောင့်ပါ။ နောက်တစ်ချက်တော့ ဝန်ကြီးဌာန အများစုမှာ တပ်ကအငြိမ်းစားယူလာ တဲ့တွေလူတွေရှိနေပါတယ်။ သူတို့တွေကိုဌာနက မလိုအပ်ပါဘူး။ ဝန်ကြီးဌာနတွေရဲ့ အလုပ်ခေါ်စာတွေထဲမှာ တပ်ထွက်ဖြစ်ရမယ်ဆိုတာတစ်ခါမှ မတွေ့ဘူးပါဘူး။ ဒီလူတွေမရှိလဲဌာနတွေကောင်းကောင်း လည်ပတ်နိုင်နေ တာပဲ။ သူတို့တွေကရာထူးအကြီးတွေလည်း ယူထားကြတယ်။ ဒီအချက်ကြောင့်လဲဝန်ထမ်းတွေရဲ့ ကြိုးစာ:ချင်စိတ် ကို လျှော့နည်းသွားစေနိုင်ပါတယ်။ စစ်တပ်က အငြီမ်းစား လစာလဲရ၊ ဌာနကပေးတဲ့လစာတို့ အခွင့်အရေ:တို့ကိုလဲ သိမ်းကြုံး၊ယူနိုင်ငံတော် အတွက်ရော ဝန်ထမ်းတွေအတွက်ရော နစ်နာပါတယ်။ စစ်တပ်ကလူတွေကိုအခွင့်ထူးခံ အဖြစ်ကနေ လျှော့ချဖို့ လိုနေပါပြီ။ မိမိကြိုးစားတာနဲ့ထိုက်တန်တဲ့ရာထူးမျိုးရမယ်ဆိုရင်ဝန်ထမ်းတွေလဲ ကြိုးစား လာကြ မှာပါ။ တပ်ကလူတွေကိုထုတ်ပစ် လိုက်ရင် နေရာလွတ်တွေအများကြီးပေါ်လာမှာပါ။

နံပါတ်(၃)အချက်ကတော့ ဝန်ထမ်းတွေကြာ:ထဲမှာ ခွင့်ရရှိမှုက မျှတမှုမရှိပါဘူး။ ၅ ရက်လုပ်၂ရက်နားက ပုံမှန် ပါပဲ။ ဒါပေမဲ့ ရုံးလုပ်ငန်းမှာတာဝန်ကျတဲ့လူတွေက အစိုးရရုံးပိတ်ရက်တွေမှာ ခွင့်ခံစားရပြီးတော့ အလုပ်ခွင်ထဲက ဝန်ထမ်းတွေကတော့ အဲဒိ အခွင့် အရေ:တွေမရပါဘူး။ ဒီခံစားခွင့်တွေနေရာမှာ အခြား ခံစားခွင့်တစ်ခုခုနဲ့ အစာ:ထိုးပေးသင့်တယ်လို့ထင်ပါတယ်။ ဥပမာ အဲဒိ ပိတ်ရက်တွေမှာ အလုပ်လုပ်ရင် အချိန်ပိုအဖြစ်သတ်မှတ် ပြီးတော့ပေးတာမျိုးပေါ့။ အစိုးရရုံးပိတ်ရက်တွေများတယ်ဆိုတဲ့အချက် ကိုတော့ အငြင်းမပွား လိုပါဘူး။ ဒါပေမဲ့ဝန်ထမ်းတိုင်းညီတူညီမျှခံစားခွင့်ရစေချင်ပါတယ်။ခွင့်ကိုအခွင့်အရေး တစ်ရပ် အနေနဲ့ တောင်းဆိုလို့ မရဘူး ဆိုတဲ့အချက်ကို လက်ခံပါတယ်။ဒါပေမယ့်ဒီအချက်ကိုအသုံးချပြီး တော့ဝန်ထမ်းတွေရဲ့ အခွင့်အရေးကို တားဆီး ပိတ်ပင်လို့မရပါဘူး။တစ်ချို့လူမှုရေးကိစ္စတွေ ဥပမာ မိဘဆွေမျိုးသားချင်းတွေ ကျန်းမာရေး မကောင်းဖြစ်တယ် ဆိုပါတော့ ဘယ်အချိန်ဖြစ်မလဲ ကြိုမသိနိုင်တဲ့အတွက်ကြိုတင်လို့မရပါဘူး။ ဒီလိုခွင့်မျိုးကို ချက်ချင်းခွင့်ပြု ပေးရမှာဖြစ်ပါတယ်။ နောက်ပြီး ဝန်ထမ်းတစ်ယောက်က သူတစ်နှစ်အတွင်းမှာ ဘယ်လတွေမှာ ခွင့်ယူပါမယ်လို့ ပြောရင်လဲခွင့်ပြုပေးရမှာ ဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကြိုတင် စီစဉ်ထားလို့ရတဲ့ အတွက်ဖြစ်ပါတယ်။ ကျန်တဲ့ဝန်ထမ်း တွေရဲ့ ခွင့်တွေကိုအချိန်ရွှေ့ပစ်လိုက်လို့ရတာပဲ။ ဝန်ထမ်းမလောက်ရင် ထပ်ခန့်ရမှာကအစိုးရရဲ့ တာဝန်ပါ။ နောက်တစ်ခုက ဝန်ထမ်းတွေကိုလိုအပ်ရင်ခွင့်ကပြန်ခေါ်ခွင့်ရှိတယ်ဆိုတဲ့အချက်ကိုလဲ ပြုပြင်သင့် တယ် လို့ထင်ပါတယ်။ တစ်နှစ်မှာတစ်လကိုတော့စိတ်အေးလက်အေးနားနေခွင့် ပေးသင့်တယ်လို့ ထင်ပါတယ်။
နံပါတ်(၄)အချက်ကတော့ မိမိရဲ့ရာထူးနဲ့ကိုက်ညီတဲ့တာဝန်ပေးမှုပါ။ မြန်မာနိုင်ငံမှာ ဆိုရင်(အက်စ်အေအီ:) နဲ့အလား တူလစာရှိတဲ့ ဝန်ထမ်းတွေက အရေအတွက်အများဆုံးပါ။ ဒီဝန်ထမ်းတွေရဲ့လက်ထဲကို လုပ်ပိုင်ခွင့်တွေ ရှိရမှာပါ။ ဥပမာစက်ရုံတစ်ရုံမှာ ဆိုရင် (အေအီ:) စကေးလ် ကတစ်ယောက် ထဲပါ။ သူတစ်ယောက် ထဲနဲ့ ဘာမှ လုပ်လို့ မရပါဘူး။ (အက်စ်အေအီ:)တွေကပဲ လုပ်ရမှာပါ။ ဆောက်လုပ်ရေးလုပ်ငန်းတွေ မှာတော့ (အက်စ်အေအီ:)တွေက လုပ်ပိုင်ခွင့် ရှိနေတာကိုတွေ့ရပါတယ်။  စွမ်းအင်ဝန်ကြီးဌာနလို ဌာနတွေ မှာတော့ အဲဒိလို မတွေ့ရပါဘူး။ ညွှန်မှူးနဲ့ ဒုညွှန်မှူးအကြားမှာ လုပ်ပိုင်ခွင့်ကအများကြီးကွာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လုပ်ပိုင်ခွင့်ရှိတဲ့လူက ပိုက်ဆံရတဲ့ ခေတ်ဖြစ်နေလို့ပါ။
ဝန်ထမ်းတွေ ရို:သားလာကြတဲ့တစ်နေ့ မှာတော့တာဝန်ခွဲဝေမှုတွေကပိုမိုကောင်းမွန် လာလိမ့်မယ်လို့ မျှော်လင့် ထားပါတယ်။လုပ်ပိုင်ခွင့်တွေကိုတစ်ယောက်ထဲက ကိုင်ထားသည့်အတွက် ကြန့်ကြာမှုတွေကို ဖြစ်ပေါ်စေပါတယ်။ ဝန်ထမ်းတွေကိုယုံကြည်ရပါမယ်။လုပ်ပိုင်ခွင့်တွေပိုပေးဖို့လိုပါတယ်။ ကိစ္စတိုင်းကို ညွှန်မှူးဆီကနေဆုံးဖြတ်ချက် တောင်းဖို့ ဆိုတာမဖြစ်နိုင်ပါဘူး။ဒီလိုလုပ်တာဟာဝန်ထမ်းတွေရဲ့ စဉ်းစားဆုံးဖြတ်နိုင်မှုကို အများကြီးအားနည်း သွားစေပါတယ်။ အဆင့်ဆင့်တင်ပြနေရတာဟာအချိန်ကုန်၊ လူပင်ပန်းပြီးတော့အကျိုးလဲမရှိပါဘူး။ မလိုအပ်တဲ့ အဆင့်တွေကိုဖြုတ်ပစ်လိုက်ရင် လုပ်ငန်းတွေက ပိုမို မြန်ဆန်လာမှာဖြစ်ပါတယ်။ တစ်ကယ်လို့လိုအပ်တယ်ဆိုလို့ရှိရင် သင်တန်းတွေဖွင့်လှစ်ပို့ချပေးရမှာပါ။ ဘာမှလဲ သင်မပေးပဲနဲ့ ဒီကောင်မတတ်ဘူးဆိုပြီး ဘာမှမခိုင်းလို့ရှိရင် နိုင်ငံတော်က ဝန်ထမ်းတစ်ယောက် အလကားဆုံးရှုံးပါတယ်။ နေပြည်တော်က ရုံးတွေမှာဆိုရင်တစ်ချို့ဝန်ထမ်းတွေက အလုပ်တွေ ရှုပ်နေပြီး တော့တစ်ချို့ဝန်ထမ်းတွေကျတော့ ဘာမှအလုပ်မရှိလို့ အလုပ်လုပ်ချင်ယောင်ဆောင်နေတာတွေလဲ တွေ့နေ ရပါတယ်။ ဒါဘာဖြစ်လို့လဲဆိုတော့ အလုပ်တာဝန်ခွဲဝေမှု ညံ့ဖျင်းလို့ပါ။ ထိပ်ဆုံးကလူကပဲ လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်တွေ ယူထားတော့သူတစ်ယောက်ပဲအလုပ်များနေပြီးကျန်တဲ့လူတွေက အားနေတော့ တာပေါ့။ တစ်ကယ်ဆိုရင် မနက်တိုင်းကိုအစည်းအဝေး လုပ်ပြီးတာဝန်တွေကိုခွဲဝေပေးရမှာပါ။ ပြီးမှ ဆောင်ရွှက် ပြီးစီးမှုတွေ ကိုပြန်လည်စစ်ဆေးရင် အလုပ်လဲပြီးဝန်ထမ်းတွေရဲ့အရည်အသွေးလဲတိုးတက် လာမှာပါ။ နေရာတိုင်းမှာ ငါမပါရင် မပြီးဘူးဆိုပြီး စိတ်ကြီးဝင်နေလို့ကတော့ နိုင်ငံတော်အတွက် နစ်နာဆုံးရှုံးတာပဲ ရှိမှာပါ။ ဝန်ထမ်းတွေကလဲ လစာညာယူ နေသလိုဖြစ်နေတော့မှာပေါ့။
နံပါတ်(၅)အချက်ကတော့ အစိုးရရဲ့ကျမ်းမာရေးပေါ်လစီက အရမ်းကိုညံ့ဖျင်းပါတယ်။လူမှုဖူလုံရေးအဖွဲ့ ကလဲမစွံပါဘူး။ ဝန်ထမ်းတွေရဲ့ ဘယ်လောက် ရာခိုင်နှုန်း ကလူမှုဖူလုံရေးအဖွဲ့မှာ သွာပြကြသလဲဆိုတာ စစ်တမ်း ကောက်ကြည့်သင့်ပါတယ်။ အခုဥပဒေအသစ် ထွက်ပြီးတဲ့အချိန်မှာရော ပြသတဲ့လူဘယ် နှစ်ယောက် လောက်တိုး လာသလဲစစ်တမ်းကောက် ကြည့်သင့်ပါတယ်။  တစ်ကယ်လို့ပြတဲ့လူ မရှိဘူး။ ဒါမှမဟုတ် အရမ်းနည်းနေမယ်ဆိုရင် ပုဂ္ဂလိကဆေးရုံတွေနဲ့ ချိတ်ဆက်လုပ်တာကပိုအဆင်ပြေအုံးမယ်။ နောက်ပြီးတော့ ဝန်ထမ်းတွေပင်စင်ယူချိန်မှာ သူရဲ့ဆေးကုသစရိတ်တွေ နှုတ်ပြီးတော့ ကျန်တဲ့ငွေတွေကို ဝန်ထမ်းတွေကို တလုံးတခဲထဲ ပြန်ပေးသင့်ပါတယ်။ ဝန်ထမ်းတွေရဲ့လူမှုဖူလုံရေးထည့် ဝင်ငွေတွေ ကိုလဲ တိုးမြှင့် သင့်တယ် လို့ထင်ပါတယ်။ အိမ်ယာစီမံကိန်းတွေကတော့ကောင်းလီမ့်မယ်ထင်တာပဲ။တကယ် အဆင်ပြေမပြေကတော့ စောင့်ကြည့်ရအုံးမှာပါ။
လုပ်ငန်းခွင်တွေမှာကလဲ အန္တရာယ်ကင်းရှင်းရေ: နဲ့ပတ်သက်တာတွေကိုဘာတစ်ခုမှအရေးမထားကြပါဘူး။ လူကြီး မိန့်ခွန်းတွေမှာဆိုရင် ဘယ်နှစ်ရက်အတွင်းပြီအောင်လုပ်ဆိုတာပဲပါပြီးတော့ ဘယ်လိုအန္တရာယ်ကင်း အောင်လုပ်ဆိုတဲ့အချက်ကမပါဘူး။ အန္တရာယ်ကို မမြင်တတ်တာကတော့မြန်မာတစ်နိုင်ငံလုံးပါပဲ။ ဒီအကြောင်းတွေကိုဂျာနယ်တွေမှာရေးပြီးသာမို့ ထပ်မရေးတော့ပါဘူး။ ဒီထက်ပိုကောင်းမွန်ပြီးတော့ အန္တရာယ်ကင်းတဲ့လုပ်ငန်းခွင်တစ်ခုကိုမျှော်လင့်ပါတယ်။
(ဂ)ဝန်ထမ်းတွေရဲ့အရည်အချင်းတွေ ဘာလို့နီမ့်ကျနေရသလဲဆိုတော့နိမ့်ကျ အောင်လုပ်ထားလို့ပါ။ ဘာမှပြန်မပြောနဲ့ ငါခိုင်းတာပဲလုပ်ဆိုတဲ့ပုံစံတွေကြောင့် ဒီလိုတွေဖြစ်ကုန်တာပါ။ ဖောင်ကြီးဗဟိုဝန်ထမ်း တက္ကသိုလ်ကိုလဲဖျက်သိမ်းသင့် နေပါပြီ။ ဒါကိုတည်ထောင်ရတဲ့ရည်ရွယ်ချက်တွေကတော့
(၁)ဝန်ထမ်းတွေကို စစ်ပညာသင်ပေးရန်
(၂)ဆိုရှယ်လစ်ဝါဒကိုရိုက်သွင်းရန်(နောက်ပိုင်းမှာစစ်အစိုးရရဲ့ဝါဒဖြန်တဲ့နေရာဖြစ်သွားပါတယ်။)
(၃)ရုံးလုပ်ငန်းတာဝန်တွေကို သင်ကြားပို့ချရန် တို့ဖြစ်ပါတယ်။
နံပါတ်(၁)အချက်ကတော့လူတိုင်းစစ်မှုမထမ်းမနေရစနစ်ပြဌာန်းပြီးပြီဖြစ်တဲ့အတွက်ဝန်ထမ်းတွေကိုထပ်မံ သင်ကြား ပေးဖို့မလိုတော့ပါဘူး။
 နံပါတ်(၂)အချက်ကတော့ ဒီမိုကရေစီစနစ်ကိုရောက်နေပြီဖြစ်တဲ့အတွက် မလိုအပ်တော့ပါဘူး။ ဒီနေရာမှာ ဖောင်ကြီးသင်တန်းက ပို့ချလိုက်တဲ့အချက်တစ်ချက်ကိုမျှဝေပေးချင်ပါတယ်။ ၁၉၉၃ ခုနှစ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကအနိုင်ရရှိ ခဲ့ပါတယ်။ ဒါကို ဖောင်ကြီးမှာဘယ်လိုသင်သလဲဆိုတော့ ဖွဲစည်းပုံအခြေခံဥပဒေ ရေးဆွဲဖို့ ရွေ:ကောက်ပွဲလုပ်တာပါတဲ့။ပေါ်တင်ကြီးလိမ်ခဲ့ကြတာပါ။ တစ်ခါမှ မကြားဖူးခဲ့တဲ့ စကားကိုကြား လိုက်ရတော့အရမ်းပဲအံ့အားသင့်မိ ပါတယ်။
နံပါတ်(၃)အချက်ကတော့ သူတို့သင်ကြားပေးလိုက်တဲ့ရုံးလုပ်ငန်းတာဝန်တွေကိုလဲရုံးတွေမှာသုံးတာ မတွေ့ရပါဘူး။ ဥပမာ ငွေထုတ်သူအရာရှိကနေသူလက်အောက်ဝန်ထမ်းတွေကိုတာဝန်နဲ့လုပ်ပိုင်ခွင့်တွေကို ခွဲပေးရမယ် ဆိုတာတွေ။ ခွင့်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာလိုက်နာဆောင်ရွက်မှုမရှိပါဘူး။တစ်ချို့တွေကလဲ ခွင့်မယူကြဘူး။ နားလည်မှုနဲ့ပဲလုပ်နေကြ တာပါပဲ။ ရုံးစာတွေကိုလဲ ဌာနတွေကရေးချင်သလို ရေးနေ ကြတာပါပဲ။ အဲဒိတော့ဖောင်ကြီးသင်တန်းကို(၃) လလောက်အချိန်ကုန်ခံတက်နေမယ့်အစား ဝန်ကြီးဌာနအလိုက် မွမ်းမံသင်တန်းတွေ ဖွင့်လှစ်ပို့ချတာက ပိုကောင်းမယ်လို့ထင်ပါတယ်။ ဖောင်ကြီ:သင်တန်းကမလိုအပ်တာတွေပဲသင်ပြီး လိုအပ်တာတွေတော့ မသင်ပေးနိုင်ပါဘူး။ ဒါကို ဖျက်သီမ်းလိုက်ရင်နိုင်ငံတော်ရဲ့ကုန်ကျစရိတ်တွေ အများကြီး သက်သာ သွားမှာပါ။

No comments: