Advertisement

Sunday, December 30, 2012

Date format mm/dd/yyyy ကနေ dd-mmm-yyyy ကို ဘယ်လိုပြောင်းမလဲ

spacerဒီ ပို့စ်မှာတော့ mm/dd/yyyy ကနေ dd-mmm-yyyy ကို ဘယ်လိုပြောင်းမလဲ ဆိုတာ
ကိုဖော်ပြချင်ပါတယ်။ အရင်က အင်္ဂလိပ်လို ရေးသားခဲ့ပြီးပါပြီ။ MS-DOS မှာပါတဲ့ နေ့စွဲ က
mm/dd/yyyy ဖြစ်ပါတယ်။ ဒီ format ကနေ မြန်မာရုံးတွေမှာ အများသုံးဖြစ်တဲ့ dd-mmm-yyyy
ကို ပြောင်းမှာဖြစ်ပါတယ်။
spacerfor /f "tokens=1,2,3,4 delims=/ " %%a in ("%date%") do set wday=%%a&set month=%%b&set day=%%c&set year=%%d
echo.Weekday: %wday%
echo.Month  : %month%
echo.Day    : %day%
echo.Year   : %year%
spacercmd prompt ထဲမှာ echo %date% လို့ရိုက်ထည့်လိုက်ရင် sun 12/30/2012 လို့မြင်ရမှာ ဖြစ်ပါတယ်။ delims က / ရော space ရောထားထားပါတယ်။  month,day,year တွေကို တစ်ခုချင်းစီ ခွဲထုတ်ထားတာပါ။
spacer IF %Month% equ 1 Set Month=Jan
spacermonth တန်ဖိုးက 1 ဖြစ်ခဲ့ရင် Jan လို့ပြောင်းပေးမှာပါ။ ပြီးရင်
spacerecho %Day%-%Month%-%Year%
လို့ရိုက်လိုက်ရင် 30-Dec-2012 လို့တွေ့ရမှာပါ။
spacerSet Date=%Day%-%Month%-%Year%
လို့ ရိုက်လိုက်ရင် ကျွန်တော်တို့လိုချင်တဲ့ ပုံစံကိုရပါပြီ။
spacer notepad ကိုဖွင့်လိုက်ပြီးရင် အောက်မှာဖော်ပြထားတဲ့  code တွေကို ကူးထည့်လိုက်ပါ။  ဖိုင်နာမည်ကို cdate.bat လို့ပေးပါ။ ဒါမှာမဟုတ်ရင် ကြိုက်တဲ့နာမည်ပေးလို့ရပါတယ် DOS ရဲ့ နာမည်ပေးပုံ စနစ်ကို နားလည်ရင်ပေါ့လေ။ နားမလည်ရင်တော့ ဒီအတိုင်းပဲ ပေးလိုက်ပါ။             

spacerနောက်ဆုံးစာကြောင်းဖြစ်တဲ့ MD %1_%Date%_%2 နေရာမှာ ကိုယ်ကြိုက်တာနဲ့အစားထိုးလို့ ရပါတယ်။ ဒီအတိုင်းဆိုရင် cmd prompt မှာ cdate.bat backup full ဆိုရင် backup_30-Dec-2012_full ဆိုတဲ့ directory တစ်ခုကို ဖန်တီးပေးမှာဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ MD %1_%2_%date% ဆိုရင် backup_full_30-Dec-2012 ဆိုတဲ့ directory တစ်ခုကို ဖန်တီးပေးမှာဖြစ်ပါတယ်။ date က variable ဖြစ်တဲ့အတွက် %နှစ်ခုလိုပါတယ်။ ရှေ့တစ်ခုနောက်တစ်ခုပါ။batch file လေးပါထည့်ပေးထားပါတယ်။ ဒီမှာဒေါင်းပါ။
spacerဒီ ဖိုင်ကို run ပြီးတာနဲ့ variable date ကို သုံးလို့ရပါတယ်။ ဥပမာ dos example1လို့သုံးလို့ရပါတယ်။dir လို့ရိုက်လိုက်ရင် ဒီလိုပေါ်လာမှာပါ။dos example2
spacerDos windows ကို ပိတ်လိုက်ရင် date variable လဲပျောက်သွားမှာပါ။

No comments: