Advertisement

Monday, March 12, 2012

မြန်မာပြည်မှ အလွဲများ (၂)

သန့်ရှင်းသောအစိုးရအဖွဲ့ ဆိုတာအတော်ရယ်စရာကောင်းတဲ့စကားတစ်ခွန်းပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ နေပြည်တော်ဆိုတာကြီးကို မဆောက်ခင်က ဝန်ထမ်းအများစုက ရန်ကုန်မှာအလုပ် ဝင်ကြတာ  များပါတယ်။  နေပြည်တော်ကို ဆောက်လိုက်ပြီးတော့ အဲဒိ ကို ဝန်ထမ်းတွေ အကုန်ပြောင်းသွားကြ  ပါတယ်။ ပြဿနာတစ်ခုကတော့ Travelling Allowance (TA) တွေကို နေပြည်တော်ကို ပြန်တယ်လို့ယူဆပြီး ထုတ်ပေးနေတာပါပဲ။ တကယ်တော့  ဝန်ထမ်းအတော်များများက ခွင့်ရရင် နေပြည်တော်ကိုမပြန်ကြပါဘူး။
တကယ်ပြန်တဲ့နေရာ (သို့) အလုပ် ဝင်ခဲ့တဲ့နေရာအတွက်ကိုပေးသင့်တာပါ။ အခုတော့ မပြန်တဲ့နေရာ
တစ်ခုကို ပြန်တယ်ဆိုပြီးလိမ်နေကြရပါတယ်။ လိမ်နေတယ်ဆိုတာကို လူကြီးတွေက သိသိကြီးနဲ့    ခွင့်ပြုပေးနေပါတယ်။  ဝန်ထမ်းတွေကို မလိမ်လိမ်အောင် လုပ်နေသလိုပါပဲ။  ဒီလိုပုံစံနဲ့ကတော့  သန့်ရှင်းသော အစိုးရအဖွဲ့ဖြစ်ဖို့လိုပါသေးတယ်။ နောက်ပြီးတော့ ကားနဲ့ပြန်တာကိုလဲ ရထားနဲ့ ပြန်တယ်ဆိုပြီး TA ထုတ်ပေးပါတယ်။ ရထားကစီးလို့အဆင်ပြေရင်တော့စီးမှာပေါ့။ အဆင်မပြေ ရင်တော့လဲ မစီးဘူးပေါ့။အတင်းအကျပ်လုပ်ခိုင်းတာကတော့ မကောင်းပါဘူး။

No comments: