Advertisement

Monday, January 14, 2013

ဆရာ/ဆရာမများအတွှက် Role စီပေးသော Excel file

spacerဒီ excel file ကတော့ကျောင်းသား ၅၀ စာအတွက်ပဲဖြစ်ပါတယ်။၅၀ထက်ပိုရင်တော့ code တွေကိုပြောင်းပေး ရမှာဖြစ်ပါတယ်။ဒီ file မှာတော့ကျွန်တော် ၆ဘာသာအတွက်ရေးတာဖြစ်ပါတယ်။ Subject Name တွေကို ပြောင်းပေးလို့ရပါတယ်။အဓိက ကတော့ Pass/Fail column ရယ်Average column တွေပေါ်မှာ အခြေခံ ထားတာပါ။ စာမေးပွဲကျတဲ့လူက အောင်တဲ့လူတွေအာလုံးရဲ့အောက်မှာရှိရမှာပါ။

spacerH5 မှာရေးထားတဲ့ formula တော့ "=IF(G5="","",IF(AND(B5>39,C5>39,D5>39,E5>39,F5>39G5>39),"Pass","Fail"))"
ပါ။ တကယ်လို့ G5 မှာ ဘာမှမရေးထားရင် H5 မှာဘာမှပေါ်မှာမဟုတ်ပါဘူး။ ဘာသာရပ် တစ်ခုခုက ၄၀အောက် ဆိုရင် စာမေးပွဲကျမှာဖြစ်ပါတယ်။

spacer

spacerK5 အကွက်မှာရေးထားတာကတော့ average formual ပါ။ ကျွန်တော်အဓိကထားပြောချင်တာ ကတော့ L5 အကွက်မှာရေးထားတဲ့ Rank formual ပါ။ "=IF(H5="Pass",RANK(K5,OFFSET($K$5,0,0):OFFSET($K$5,COUNTIF($H:$H,"Pass")-1,0)), IF(H5="Fail",SUM(COUNTIF($H:$H,"Pass"),RANK(K5,Start:(End))),""))".
H5 မှာအောင်လား၊ ကျလားစစ်ပါ့မယ်။တကယ်လို့အောင်ခဲ့မယ်ဆိုရင်တော့ K5 ကနေစပြီးတော့အောင်တဲ့လူ ရှိသလောက်ကို Rank စီမှာပါ။ကျခဲ့ရင်တော့ အောင်တဲ့လူတွေအားလုံးရဲ့အောက်မှာမှ Role စီမှာပါ။

spacerဒီ formula လေးကို ရှင်းပြချင်ပါတယ်။ OFFSET($K$5,COUNTIF($H:$H,"Pass")-1 ဆိုတာက K5 ကနေကနေစပြီးတော အောက်ကို ဘယ်နှစ်လိုင်းဆင်းသွားမလဲ။ 1နုတ်ပေးရတာက K5 က ပါပြီးသားမို့ပါ။

SUM(COUNTIF($H:$H,"Pass") ဆိုတာကအောင်တဲ့လူတွေအကုန်လုံးပေါင်းထားတာပါ။ပြီးတော့မှ ကျတဲ့လူတွေကို ထပ်ပေါင်းပေးမှာပါ။ Start ဆိုတာက

"=OFFSET(Sheet1!$K$5,COUNTIF(Sheet1!$H:$H,"Pass"),0) "

spacerဒီနေရာမှာ 1 မနုတ်တော့တာကိုတွေ့ကြမှာပါ။အောင်တဲ့လူတွေရဲ့အောက်ကနေစပြီးတော့ Row 54 အထိကိုစီပေးမှာပါ။

spacer Download Excel File

spacerMacro ကို enable လုပ်ရပါမယ်။ Student Name တွေရယ် Subject ရယ်ကို data ထည့်လို့ ရပါတယ်။ ပြီးရင် Rearrange button ကိုနှိပ်လိုက်ပါ။ Mark column မှာ subject တွေရဲ့ ဂုဏ်ထူးမှတ် တွေကို ဖြည့်ပေးရ မှာပါ။ Sheet name တွေကိုမပြောင်းပါနဲ့။ Offset function အကြောင်းဖတ်ချင်ရင် အောက်မှာ ဆက်ဖတ်နိုင်ပါတယ်။

Offset Function Explained

spacerOffset function ဆိုတာက "=offset(reference,rows,cols,height,width) ပါပဲ။ Offset function အလုပ်လုပ်ဖို့က

  1. အစမှတ်(reference)
  2. ဘယ်နေရာအထိသွားရမလဲ(rows and cols)
  3. Range ကဘယ်လောက်ကျယ်သလဲ(height and width)

offset04.png

spacerဒီနေရာမှာ Expense က reference point. အောက်ကို ၅ ကွက်ဆင်းပြီးမှ ဘေးကိုတစ်ကွက် ရွှေ့တယ်။

offset04.png

spacerဒီနေရာမှာ Expense ကနေတစ်လိုင်းဆင်း၊ G1 က 2 ဆိုတော့ ညာဘက်ကိုနှစ်ကွက်ရွှေ့ပြီးတော့မှ အောက်ကို လေးကွက် Range ယူလိုက်တယ်။ တကယ်လို့ width က 2 ဆိုရင် C2 ကနေ D5 အထိဖြစ်မှာပါ။

Contexture Blog ကနေကူးယူဖော်ပြတာပါ။

No comments: