Advertisement

Sunday, January 13, 2013

လက်ပတောင်းတောင်အရေး ဒီလိုတွေးကြရအောင်

spacerလက်ပတောင်းတောင်အရေးနဲ့ပတ်သက်ပြီး ဒီလိုမြင်မိပါတယ်။
(က) တရုတ်ကို မုန်းတီးနေတယ်။
(ခ)ဦးပိုင်က ပါဝင်ပတ်သက်နေတယ်။
(ဂ)မြေယာတွေအသိမ်းခံရတယ်။
(ဃ)လူတွေကျမ်းမာရေး ပြဿနာတွေခံစားနေရတယ်။
(င)ရေရှည်လုပ်ကိုင်စားသောက်ဖို့ ခက်နေတယ်။
spacer(က)တရုတ်ကို မမုန်းတီးပါနဲ့။ အိမ်နီးချင်းနိုင်ငံ၊ ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံ ဖြစ်ပါတယ်။ ဒီတော့ နိုင်ငံအတွက်အကျိုး ရှိအောင် အသုံးချရမှာပါ။ နောက်တစ်ခုကတော့ ဒီလိုတရုတ်ကုမ္ပဏီတွေနဲ့ ပတ်သက် နေတဲ့ စီမံကိန်းတွေကို လိုက်ဖျက်နေရင် တရုတ်က ရင်းနှီးမြှုပ်နှံမှုတွေ ရလာမှာမဟုတ်တော့ပါဘူး။ ဒီလိုဆိုရင် နိုင်ငံတိုး တက်ဖို့ အရမ်းကို ကြာသွားလိမ့်မယ်။ နိုင်ငံက အချိန်မရွေး နောက်ကြောင်းပြန်လှည့်သွားနိင်တယ် ဆိုတာလဲ သတိထားကြပါဦး။ဒီမိုကရေစီ စနစ်ကို အောင်မြင်အောင်ဖော်ဆောင်ရမှာပါ။ အကုန်လိုက်ကန့်ကွက် နေရင် လုပ်ငန်းတွေဘယ်လိုဆက် လုပ်ရမလဲ။ လယ်တီဆရာတော်ကြီးရဲ့ သာသနာ့ နယ်မြေကို ထိမ်းသီမ်းသင့်တယ် ဆိုတာလက်ခံပါတယ်။ ဒါပေမဲ့ လက်ပတောင်းတောင်ကိုတော့ ထိမ်းသီမ်းစရာ မလိုပါဘူး။ နိုင်ငံဝင်ငွေ အများကြီး ရရှိစေမည့်လုပ်ငန်း ဖြစ်ပါတယ်။ ဒီငွေတွေနဲ့ နိုင်ငံတိုးတက်ဖို့အသုံးပြုရမှာပါ။
spacer(ခ) ဦးပိုင်ရဲ့ပါဝင်ပတ်သက်မှုကိုတော့ ကျွန်တော်လဲ လက်မခံနိုင်ပါဘူး။ ဦးပိုင်ရဲ့ share ကို သတ္တုတွင်း ဝန်ကြီးဌာနကို လွဲပေးစေချင်ပါတယ်။ စစ်တပ်ရန်ပုံငွေအတွက် လုပ်စရာ အကြောင်းမရှိတော့ပါဘူး။ စစ်တပ်က စီးပွားရေးလုပ်စရာမလိုပါဘူး။ ဦးပိုင်ရဲ့လုပ်ငန်းရဲ့လုပ်ငန်းတွေအကုန်လုံး နိုင်ငံတော်ကို လွဲပေးစေချင် ပါတယ်။ ဒါကို လွတ်တော်မှာတောင်းဆိုရင် ရနိုင်မယ်လို့ထင်ပါတယ်။ စစ်တပ်ကရန်ပုံငွေအတွက် လုပ်စရာ အကြောင်းမရှိတော့ပါဘူး။ တပ်မှူးတွေ၊ စီးပွားရေးဝန်ကြီးတွေ လူကြီးတွေနဲ့ ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်း တွေက ထိလို့မရတဲ့နေရာတွေ ဖြစ်နေတော့ အလုပ်လုပ်ရတာခက်ပါတယ်။ ဒါက ဒီမိုကရေစီ မကျပါဘူး။
spacer(ဂ) မြေယာတွေအသီမ်းခံရတယ်။ ဒီအတွက် လျော်ကြေးတွေလဲ ပေးထားတယ်ပေါ့လေ။ ဒီနေရာမှာ တစ်ခုလွဲနေတာက လက်ရှိဥပဒေအရ လျော်ကြေးရတာကအရမ်းနည်းနေတယ်။ မြေယာ ပိုင်ဆိုင်မှုမပြ နိုင်တဲ့လူ တွေကို လျော်ကြေးပေးမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒါက ဥပဒေအရ လုပ်တာ ဖြစ်တဲ့အတွက် လက်ခံရမှာပါ။ ဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိပါဘူး။ ဘယ်သူစည်းကမ်းပျက်ပျက်ကိုယ်မပျက်ဖို့ လိုပါတယ်။ဥပဒေကို ပြုပြင် ရေးဆွဲနိုင်ရင်တော့ အနာဂတ်ကာလမှာ ဒီလိုပြဿနာတွေက ကင်းဝေးသွားမှာပါ။
spacer(ဃ)ဒေသခံတွေ ကျမ်းမာရေးပြဿနာတွေခံစားနေရတယ်။ ဒီလိုဆိုပြီး စီမံကိန်းကို ရပ်လိုက်လို့ မရပါဘူး။ ကျွန်တော်တို့ လုပ်သင့်တာက နောက်ထပ်ဒီလိုမဖြစ်အောင် လုပ်ဖို့ ကုမ္ပဏီကို ပြောရမှာပါ။ သဘာဝ ပတ်ဝန်းကျင်ကို ထိုခိုက်မှုအနည်းဆုံးဖြစ်အောင် လုပ်ဖို့နိင်ငံတကာက အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ရမှာပါ။ ပြီးတော့ ဒေသခံတွေကို ကျမ်းမာရေးပြုစုစောင့်ရှောက်ဖို့ ရန်ပုံငွေတစ်ရပ်ထူထောင်ပေးနိုင်ရင် အဆင်ပြေမယ်လို့ ထင်ပါတယ်။ စီမံကိန်း ဒီအတိုင်း ရပ်သွားရင်တော့ ဘာမှရမှာ မဟုတ်တော့ပါဘူး။
spacer(င)ရေရှည်လုပ်ကိုင်စားသောက်ဖို့ခက်ခဲ နေတယ်။ ဒေါ်စု ပြောခဲ့သလိုပါပဲ နှစ်သုံးဆယ်ပြီးသွားရင် ကိုယ်မြေ ကိုယ် ပြန်ရမှာပါ။ သဘာဝပတ်ဝန်းကျင်ကိုသာ ကောင်းကောင်းစောင့်ရှောက်နိုင်ခဲ့ရင် အဲဒိမြေတွေမှာ လယ်ပြန်စိုက်လို့ ရမှာပါ။ ဒီကြားထဲမှာ အဆင်ပြေဖို့က နည်းလမ်းတစ်ခု တင်ပြချင်ပါတယ်။ အခုက အမေရိကန် ဒေါ်လာတစ်သန်းကို မြေယာတွေကို လျော်ဖို့လုပ်ထားတယ်လို့သိရပါတယ်။ Weekly Eleven Journal ရဲ့ဖော်ပြချက်ကို ကိုးကားထားတာပါ။ တရုတ်ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ သန်းတစ်ထောင် ဖြစ်ပါတယ်။ အဲဒိတော့ ဒေသခံတွေအတွက် နောက်ထပ် အမေရိကန်ဒေါ်လာတစ်သန်း လောက်ထပ်ပေးစေချင် ပါတယ်။ အမေရိကန်ဒေါ်လာ သန်းတစ်ထောင်က ကနဦး ရင်းနှီးမြှုပ်နှံငွေ ဖြစ်မယ်လို့ထင်ပါတယ်။ ဒါဆို အမေရိကန်ဒေါ်လာတစ်သန်းက ၀.၁ ရာခိုင်နှုန်း ပေါ့။ ဒါကို stock share အနေနဲ့ ထည့်ပေးစေချင်ပါတယ်။ ဒေသခံတွေ နှစ်သုံးဆယ်အတွင်းမှာ share နဲ့ စားသောက် နေထိုင်နိုင်မှာပါ။ တစ်ဖက်ကို ၀.၀၅ ရာခိုင်နှုန်းပဲ ပေးရမှာဆိုတော့အဆင်ပြေမယ်လို့ထင်ပါတယ်။ တကယ်လို့ ကနဦး ရင်းနှီးမြှုပ်နှံငွေက အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ထက် များနေခဲ့မယ်ဆိုရင်လည်း ၀.၁ ရာခိုင်နှုန်း တော့ ပေးစေချင်ပါတယ်။ သတ္ထုသိုက်ရဲ့တန်ဖိုး က 64 billion အမြတ်က 32 billion ဆိုတော့ One billion ကနေ 32 billion ဖြစ်နိုင်တယ်ရင် အမေရိကန် ဒေါ်လာတစ်သန်း ကနေ အမေရိကန်ဒေါ်လာ သုံးဆယ့်နှစ်သန်း ဖြစ်လာမှာပါ။ ဒေသခံတွေ တစ်နှစ်ကို အမေရိကန်ဒေါ်လာတစ်သန်း ကျော်လောက်ရရှိနိင်မယ့်အနေအထားပေါ့။ ဦးပိုင်ရဲ့ share တွေကိုသာရခဲ့မယ်ဆိုရင် နိုင်ငံတော်က တရုတ်ကုမ္ပဏီထက် အကျိုးအမြတ် နှစ်ဆကျော်ရရှိမှာပါ။ ကျွန်တော်တို့ လုပ်သင့်တယ်လို့ထင်ပါ တယ်။ ကျွန်တော်ဘယ်သူ့ အတွက်မှ မကြည့်ပါဘူး။ နိုင်ငံတော်အတွက်ပဲ ကြည့်ပါတယ်။ ဒီမိုကရေစီ နိုင်ငံတော် ကြီး အဓွန့်ရှည်ပါစေ။

No comments: