devcon command line utility ကို အသုံးပြုခြင်း
- နိဒါန်း
- အကူအညီ
- အသုံးပြုပုံ
- လက်တွေ့အသုံးချပုံ
devcon command line utility ဆိုတာက device manager နဲ့ အတူတူပါပဲ။ Devcon ကိုသုံးပြီးတော့ enable,disable, restart, update, remove, qurey တွေကို devices တွေပေါ်မှာ လုပ်လို့ရတယ်။ Development and debugging tool ပါ။ သူ့ကိုသုံးချင်ရင်တော့ Devcon package ကို
download လုပ်ရပါတယ်။ ၃၂ နဲ့ ၆၄ bit version တွေရှိပါတယ်။ package ထဲမှာ i384\Devcon.exe နဲ့ Ia64\Devcon.exe(64 bit) တို့ပါဝင်ပါတယ်။ Devcon.exe file ကို C:\windows\system32 ထဲကို Devcon.exe(64) ကို C:\windows\sysWOW64 ထဲကို ထည့်ရမှာဖြစ်ပါတယ်။ ဒါမှအလုပ်လုပ်မှာ ဖြစ်ပါတယ်။
Administrator အနေနဲ့ run ဖို့လိုပါတယ်။
ဘယ်လို အသုံးပြုရသလဲဆိုတာကို အကျဉ်းရှင်းပြသွားပါမယ်။

devcon -m:\\computername find pci\*

computername ဆိုတဲ့နေရာမှာ မိမိကြိုက်တဲ့ computer name ကိုအစားထိုးလို့ ရပါတယ်။ အဲဒိကွန်ပြူတာမှာရှိတဲ့ PCI devices တွေအကုန်လုံးကို ရှာပေးမှာပါ။

devcon -r install %WINDIR%\Inf\Netloop.inf *MSLOOP

Microsoft loopback adaptor ကို တပ်ဆင်ပေးသွားမှာပါ။ -r ထည့်ထားတဲ့ အတွက်လိုအပ်ရင် restart လုပ်ပေးသွားမှာပါ။

devcon find pci\*

မိမိ ကွန်ပြူတာပေါ်မှာရှိတဲ့ pci devices တွေကို ရှာပေးသွားမှာပါ။

devcon rescan

plug and play devices တွေအသစ်ထပ်မံတပ်ဆင်မှုရှိမရှိ ပြန်လည်စစ်ဆေး ပေးသွားမှာပါ။

devcon remove @usb\*

usb device တွေအကုန်လုံးကို ဖယ်ရှားပစ်မှာပါ။

devcon hwids=mouse

Hardware ID က mouse လို့ပါဝင်တဲ့ hardware တွေကိုဖော်ပြပေးသွားမှာပါ။ အသေးစိတ်ကိုဒီမှာဖတ်လို့ရပါတယ်။
Click here
လက်တွေ့အသုံးချပုံ

တစ်ချို့ devices တွေ အထူးသဖြင့် scsi device တွေကို power ပိတ်ထားမိရင် သူတို့ကို ပါဝါဖွင့်လိုက်ပေမယ့် ကွန်ပြူတာက မမြင်ရပါဘူး။ ဒီအခါမှာ ကွန်ပြူတာကို ပြန်စဖို့ လိုပါတယ်။ ဒါမှ မဟုတ်ရင် device manager မှာ "scan for hardware changes" ကိုနှိပ်ပေးရမှာပါ။ ဒီလို အလုပ်မျိုးကို Devcon rescan နဲ့ လုပ်လို့ရပါတယ်။ တစ်ခါတစ်လေမှာ ပုံထုတ်စက်(printer) မှာ ပြဿနာ(error) တက်ပြီးသွားရင် နောက်ကဖိုင်တွေကို ထုတ်လို့မရတော့ပါဘူး။ ဒါဆိုရင် အောက်မှာ ဖော်ပြထားတဲ့ code လေးကို text file တစ်ခုထဲကို ကူးထည့် rescan လို့နာမည်ပေး၊ extension ကို .bat,.cmd လို့ပေးပြီးရင် run လိုက်လို့ရပါပြီ။
တကယ်လို့ user action ကို စောင့်မနေချင် ဘူးဆိုရင် pause ကိုဖြုတ်လိုက်ပါ။
ဒီတစ်ခါ ဥပမာမှာတော့ serial mouse ကိုဖြုတ်တာကို ပြပါမယ်။
No comments:
Post a Comment