မြန်မာ Web hosting site များကို လေ့လာသုံးသပ်ခြင်း

Website တစ်ခုရေးသားထုတ်လွင့်ဖို့ဆိုရင်
- domain name တစ်ခု
- software (Wordpress, b2evolution, DreamWeaver)
- Webhosting Site တစ်ခုလိုပါတယ်။

ဘာတွေကိုအဓိကထားရမလဲဆိုတာပြောပြသွားပါ့မယ်။ Domain name ကိုပြည်တွင်းမှာ ဝယ်လို့ရပါတယ်။ ကုမ္ပဏီတစ်ခုနဲ့တစ်ခု ဈေးနှုန်းတူမှာတော့ မဟုတ်ပါဘူ။ Domain နဲ့ Hosting တွဲဝယ်ရင် အကောင်းဆုံးပါ။ တစ်ကယ်လို့ ပြဿနာတစ်ခုခု ဖြစ်လာခဲ့ရင် ကုမ္ပဏီတစ်ခုထဲကိုပဲ ဆက်သွယ်ရတော့မှပါ။ ဒီလိုမှ မဟုတ်ရင် ကုမ္ပဏီနှစ်ခုကြား ဗျာများနေရပါလိမ့်မယ်။ software အနေနဲ့ ကတော့ online မှာဆိုရင် wordpress, b2evolution စတဲ့ software တွေလိုပါတယ်။ ကိုယ်စက်ပေါ်မှာ စမ်းသပ်ကြည့်ဖို့ Xampp လို sever software တွေလိုပါတယ်။ Wordpress ကို ကိုယ့်စက်ပေါ်မှာပဲ တင်ပြီးစမ်းလို့ရပါတယ်။ ကိုယ့် website ကို online ပေါ်မှာ ရှိနေဖို့ဆိုရင် webhosting site တစ်ခုလိုပါတယ်။ အောက်မှာဖော်ပြထားတာတွေကတော့ မြန်မာ hosting site တွေပါ။ ကုန်ကျစရိတ်အနည်းဆုံးကနေ စစီထားတာပါ။ Worldwidemyanmar နဲ့ Webhost MM တို့က Domain ပါပါပြီးသားပါ။ Hosting တစ်ခုဝယ်တော့မယ်ဆိုရင် online storage, bandwidth တွေအပြင် သုံးထားတဲ့ software, အခက်အခဲရှိရင်ဘယ်လိုကူညီမှာလဲ၊ setup ရောလုပ်ပေးမှာလား၊ အခြား online service တွေရောပါလား၊ backup ရောလုပ်ပေးမှာလား စသဖြင့်သိထားဖို့လိုပါတယ်။ software ဆိုရင်လဲ နောင်ဆုံးပေါ် တွေသုံးထားရင် ပိုကောင်းပါတယ်။ အထူးသဖြင့် PHP, Mysql စသဖြင့်ပေါ့။ အကူအညီကရော 24/7 ပေးမှာလား၊ one click installation ဆိုရင်အလုပ်မရှုပ်တော့ဘူးပေါ့။ wordpress လို CMS လို software တွေကိုရော သုံးလို့ ရမှာလား။ cloud flare လို ဝန်ဆောင်မှုတွေရော လုပ်ပေးမှာလား။ နိုင်ငံတကာအတွက် ရည်ရွယ်တယ်ဆို ရင်တော့ cloud flare ရထားတာကောင်းပါတယ်။ ပြည်တွင်းအတွက်ပဲ ရည်ရွယ်တယ်ဆိုရင်တော့ local server ကပိုကောင်းမှာပါ။ cloud flare က ကိုယ့် site down မသွားဖို့လဲ ကူညီပေးပါတယ်။ ပိုလဲ မြန်လာစေပါတယ်။ cloudflare service ကို သုံးမယ်ဆိုရင် DNS server ကို ပြောင်းပေးဖို့လိုပါတယ်။ ဒီတော့ Domain တစ်ခုဝယ် တော့မယ်ဆိုရင် cloudflare DNS server ကိုပြောင်းပေးနိုင်မလားဆိုတာ မေးရမှာဖြစ်ပါတယ်။ Backup ကသာမန်အားဖြင့် ၇ရက်တစ်ကြီမ်လောက် လုပ်ပေးလေ့ရှိပါတယ်။ ဒါဆို site down သွားရင်တောင် အများကြီး ပြန်ရေးဖို့မလိုတော့ဘူးပေါ့။ uptime က ၉၉% ကျော်လောက်ရှိနေဖို့လိုပါတယ်။
Shwe Web Hosting၊
Worldwidemyanmar၊
Orient Software နှင့်
Myanmar Host တွေက ကျွန်တော့်ရဲ့ sponsor siteတွေပါ။ ဒီနေရာမှာ unlimited ဆိုတာက online usage နဲ့ bandwidth/month တွေကို စောင့်ကြည့်မနေဘူးလို့ပဲ ဆိုလိုတာပါ။ ကိုယ်သုံးချင်သလောက်သုံးလို့ရမယ်လို့မဆိုလိုပါဘူး။site က ပံ့ပိုးပေးနိုင်တဲ့ ပမာဏရယ်၊ သုံးတဲ့လူအနည်းအများပေါ်မူတည် ပြီးတော့ ကိုယ်သုံးလို့ရတဲ့ ပမာဏက ကွာခြား သွားမှာပါ။ အဲဒီလိုsite တွေကို အသုံးပြုမယ်ဆိုရင်တော့ သေချာအောင်မေးဖို့လိုပါတယ်။ ဒီမှာ ဖော်ပြထားတဲ့ ဈေးနှုန်းတွေက ဈေးအနည်းဆုံး တွေကို ဖော်ပြထားတာပါ။ တစ်ချို့site တွေမှာဆို ရွေးချယ်စရာ နှစ်မျိုး၊ သုံးမျိုးလောက်ရှိပါတယ်။ စစချင်းတော့ စျေးအနည်းဆုံးကနေ စသုံးပြီးတော့ တစ်ဖြည်းဖြည်းနဲ့ကိုယ့်site ကို လူသိများလာမှာပဲ အခြား ပိုကောင်းတဲ့ အစီအစဉ်တစ်ခုကိုရွေးချယ်သင့်ပါတယ်။

Worldwidemyanmar - ဈေးအသက်သာဆုံးပါ။ latest software တွေသုံးထားပါတယ်။ ရက်၃၀ အတွင်းမကြိုက်ရင်ငွေပြန်အမ်းပေးပါတယ်။ နေ့စဉ် backup လုပ်ပေးပါတယ်။ USA server ပါ။ Dreamweaver နဲ့ iWeb ready ပါ။ အရမ်းကောင်းတဲ့ site တစ်ခုပါ။ support လုပ်နိုင်တဲ့ bandwidth က အရမ်းများပါတယ်။ wordpress နဲ့ အခြား software တွေကိုပါ one click install ပါပါတယ်။ အရမ်းသင့်တော်တဲ့ site တစ်ခုလို့ ထင်ပါတယ်။ local server အနေနဲ့လဲ ရနိုင်ပါတယ်။ တစ်နှစ်ကို ၃၀၀၀၀ ကျပ်နဲ့ပါ။ 200 Mb online storage နဲ့ 5G bandwidth ပေးထားပါတယ်။

Webhost mm က Wordpress ready site ပါ။ Wordpress ပါတာကို ရွေးချင်ရင်တော့ Webhostmm ကိုရွေးချယ်ပါ။ ဈေးသက်သာပါတယ်။ Wordpress က plugin တွေအများကြီးပါ။ fourm ကိုလည်း ပြုလုပ်နိုင်တဲ့ plugin ရှိပါတယ်။ b2evolution တို့ CMS software တွေသုံးဖို့မလိုဖူးဆိုရင်တော့ Webhostmm ကိုရွေးသင့်တယ်လို့ထင်ပါတယ်။ ဒုတိယအကောင်းဆုံးအနေနဲ့ recommdend ပေးချင်ပါတယ်။

Shwe Hosting ကတော့ limited bandwidth, online storage တွေနဲ့ပါ။ သူပေးထားတဲ့ service,support တွေကအရမ်းကောင်းပါတယ်။ ဈေးကလဲ သင်တင့်တဲ့ ဈေးတစ်ခုပါ။ သူ့မှာ e-commence ပါ ပါလာပါတယ်။ Domain က သတ်သတ်ဝယ်ရမှာပါ။ ကိုယ်ရတဲ့ online storage,bandwidth စတာတွေကို သတ်သတ်မှတ်မှတ်ကလေး သုံးချင်တယ်ဆိုရင်တော့ ရွေးချယ်သင့်ပါတယ်။ သူsite မှာ က အဆင့်မြင့်ချင်ရင်လည်း ဈေးနှုန်းသိပ်မကွာလှတဲ့ ရွေးချယ်စရာတွေရှိနေပါတယ်။နေ့စဉ် backup လုပ်ပေးပါတယ်။

Orient software ကတော့ bandwidth, online storage တွေ Shwe ထက်နည်းပါတယ်။ ဘာ information ကိုမှလဲ မပေးထားပါဘူး။ မှတ်ချက်ပေးဖို့ဆိုရင်တော့ ဒိထက်ပိုသိဖို့လိုပါတယ်။ သိထားတဲ့ အချက်အလက်တွေအရဆိုရင်တော့ Shwe ရဲ့ နောက်မှာပဲ ရှိပါတယ်။

Itmyanmar ကတော့ storage မှာ Shwe ထက်နှစ်ဆများပြီးတော့ unlimited bandwidth နဲ့ပါ။ တစ်ခြား အချက်အလက်တွေတော့ဖော်ပြမထားပါဘူး။ ဒိထက်ပို သိရှိဖို့လိုပါတယ်။

Aerotechnology ကတော့ resource အတော်များများ unlimited ပေးထားပါတယ်။ one click install ပါပါတယ်။ setup လုပ်ပေးပါတယ်။

Myanmarhost ကတော့ နာမည်ရ ကုမ္ပဏီတစ်ခုပါ။ monthly bandwidth မှာတော့ Shwe ထက်နည်းပါတယ်။ storage မှာတော့နှစ်ဆလောက်များပါတယ်။ visitor များများလာဖို့မျှော်လင့်မထားရင်တော့ အဆင်ပြေမှာပါ။ one click install ပါပါတယ်။ support, backup plan တွေဖော်ပြမထားပါဘူး။

101 Domain ကတော့ resources တွေကို unlimited ပေးထားပါတယ်။ support က chat/email နဲ့ ပါ။ multiple support ဆိုရင်တော့ပိုက်ဆံထပ်ပေးဖို့လိုပါတယ်။ ၁၀၁ ရက်အတွင်းမကြိုက်ရင် ငွေပြန်ပေးမည့်အစီအစဉ်ပါပါတယ်။ ၃နှစ်စာယူမယ်ဆိုရင် Myanamrhost နဲ့ ဈေးတူပါတယ်။ ပိုက်ဆံတတ် နိုင်ရင်တော့ သုံးလို့ကောင်းမည့် site တစ်ခုပါ။

Ihost ဆိုရင်တော့
cloudflare support ပါပါတယ်။ ဒါပေမဲ့ သူ့မူရင်းsite မှာအလကားယူ လို့လဲရပါတယ်။ signup လုပ်ရမှာပါ။ ပိုက်ဆံပေးထားတာလောက်တော့ မကောင်းဘူးပေါ့။ cloudflare Pro ကတစ်လကို ဒေါ်လာ ၂၀ လောက်ကျပါတယ်။ တစ်ကယ်လို့ Ihost က Pro version ကိုပေးတာဆိုရင်တော့ တန်ပါတယ်။ cloudflare ဝန်ဆောင်မှုကိုလဲ လိုချင်ရင်ပေါ့လေ။ ဒါမှမဟုတ်လို့ free ရထားတာကိုပဲပေး တယ်ဆိုရင်တော့ အခြား cloudflare ကို support လုပ်တဲ့ကုမ္ပဏီတစ်ခု ကိုသုံးတာကမှ ပိုက်ဆံသက်သာဦးမယ်။

Worldwidemyanmar နဲ့ Ihost ကြားမှာ ဈေးနှုန်းက သုံးဆလောက်ကွာပါတယ်။ unlimited ဆိုရင်တော့ server မှာ သုံးတဲ့လူများရင် ကိုယ့်အတွက်က ရတာနည်းသွားမှာပါ။ limited ဆိုရင်တော့ ကိုယ်သုံးခွင့်ရှိသလောက်တော့ သုံးလို့ရမှာပါ။ limited ထဲမှာဆိုရင်တော့ Shwe ကို ညွှန်းချင်ပါတယ်။ unlimited ထဲမှာဆိုရင်တော့ worldwidemyanmar ပါ။ cloud flare service ကို လိုချင်ရင်တော့ အခြားကုမ္ပဏီတွေကို စုံစမ်းပြီးမှပဲ Ihost ကို ရွေးချယ်ပါ။ reseller တွေဆီကတော့ မဝယ်ပါနဲ့။ support တွေမကောင်းပါဘူ။ 101 နဲ့ Worldwidemyanmar ကတော့ စမ်းသုံးကြည့်လို့ရပါတယ်။ MySQL data base များတာကလဲ ကောင်းတဲ့ အချက်တစ်ခုပါ။ ဒါပေမဲ့ အများကြီးတော့ မလိုပါဘူး။ အကောင်းဆုံးကတော့ မဝယ်ခင်မှာသေချာအောင်မေးပါ။