Advertisement

Sunday, February 17, 2013

Facebook အကြောင်းသိကောင်းစရာ

  •    Default Landing Tab   
  •    Photo Dimensions   
  •    Making Symbols   
spacerFacebook ရဲ့ default landing tab ကို၂၀၁၂ခုနှစ် မတ်လမှာထဲက ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ အဲဒိအစားcustom tab တွေကို အသုံးပြုခွင့်ပေးထားပါတယ်။ Woobox နဲ့ Thunderpenny တို့လို apps တွေကို သုံးလို့ရပါတယ်။ ဒီ apps တွေက HTML ကို ထောက်ပံ့ပေးနိုင်ပါတယ်။ အဲဒိအတွက် ကိုယ်ရေးချင်တဲ့ ဖောင့်စ်ကို ကြေညာလို့ရပါတယ်။ ဒါဆိုရင် လူတိုင်းဖတ်လို့ရအောင် လုပ်နိုင်ပြီဖြစ်ပါတယ်။



spacerပုံမှာတွေ့ရသလိုပါပဲ။ Photos tab ကလွဲလို့ ကျန်တဲ့ tab တွေကို နေရာရွှေ့လို့ရပါတယ်။ ကျွန်တော်ကတော့ likes ကိုနောက်ကိုရွှေ့ထားပါတယ်။ tab ကိုဘယ်လိုလဲမလဲဆိုတော့ ပုံမှာဆိုရင် ညာဘက် နားမှာ Dhama ဆိုတဲ့ tab ရဲ့ဘေးနားမှာ 3 ဆိုတာကိုတွေလိမ့်မယ်။ အဲ့ဒါကို နှိပ်လိုက်ရင် အောက်မှာ tab တွေ ထပ်ထွက်လာလိမ့်မယ်။ Tab ရဲ့ညာဘက်အပေါ်ထောင့်နားမှာရှိတဲ့ ခဲတံပုံလေးကို နှိပ်လိုက်ပြီး ကိုယ်ကြိုက်တဲ့ tab နဲ့လဲလို့ရပါပြီ။ ပြီးရင်တော့ မိမိရဲ့ tab ကို ကြော်ငြာရပါမယ်။ Pin to top feature ကိုသုံးပြီးတော့ မိမိရဲ့ post အကြောင်းရေးထားတဲ့ status ကိုပေ့စ်ရဲ့ထိပ်ဆုံးမှာ ထားထားလို့ ရပါတယ်။ တစ်ခါနှိပ်ထားရင် တစ်ပတ် လောက်ခံပါတယ်။ ပြီးရင်နောက်တစ်ခါ ထပ်နှိပ်ပေါ့။ Pin to top က status post ရဲ့ ညာဘက်အပေါ်ထောင့်နား မှာရှိပါတယ်။ Edit or remove ထဲမှာပါပါတယ်။ Facebook pages မှာကတော့ ဘာ HTML ကိုမှ သုံးခွင့် ပေးမထားပါဘူး။ ဒီ apps တွေက iframe tag လိုပါပဲ။ မိမိ ကြိုက်နှစ်သက် သလိုရေးလို့ရပါတယ်။ ပုံတွေ၊ javascript တွေတင်ဖို့အတွက် secure site တစ်ခုလိုပါတယ်။ https:// နဲ့စရမှာပါ။ ကျွန်တော်ကတော့ google site ကိုသုံးပါတယ်။ မိမိရဲ့ အခြားဝဘ်ဆိုက်ကိုလဲ iframe ထဲထည့်ထားလို့ ရပါတယ်။ မိမိ ကြိုက်သလို site ကိုပြင်ဆင်လို့ ရပါတယ်။

Other tips and tricks

spacer Facebook page မှာ မှာ likes တွေ ပိုရလာအောင် လုပ်လို့ရတဲ့ site ရှိပါတယ်။ Youlikehit.com ပါ။ ကိုယ်ကအရင် likes လုပ်ပေးဖို့လိုပါတယ်။ ပြီးရင်တော့ likes တွေ ပြန်ရမှာပါ။ သုံးချင် တယ်ဆိုရင်တော့ link ကို နှိပ်လိုက်ပါ။

Shortcut keys for the timeline
spacerဒီ shortcut keys တွေကတော့ firefox အတွက်ပါ။
KeysAction
Shift + Alt + MNew Message
Shift + Alt + ?Cursor in Search box
Shift + Alt + 0Help Center
Shift + Alt + 1Home Page
Shift + Alt + 2Profile Page
Shift + Alt + 3Friend Request
Shift + Alt + 4Messages if any
Shift + Alt + 5Notification
Shift + Alt + 6Account Settings
Shift + Alt +7 Privacy Settings
Shift + Alt + 8Official Facebook page
Shift + Alt + 9Service Agreement
LLike/Unlike Photos in Light box

spacerIE အတွက်ဆိုရင်တော့ Shift နေရာမှာ Enter နဲ့ အစားထိုးပါ။ Safari တို့ Chrome တို့ဆိုရင် တော့ Shift ရော Enter ရောထည်ဖို့ မလိုပါဘူး။
spacerFacebook timeline ကပုံတွေကို နေရာရွှေ့လို့ရပါတယ်။ တစ်ခါတစ်လေမှာကျရင် ကိုယ်တင် လိုက်တဲ့ ပုံက ကြီးနေပြီးတော့ ကိုယ်ပြချင်တဲ့လူကို အပြည့်အဝ မမြင်ရတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒီလို ဆိုရင် ပုံရဲ့ ညာဘက်အပေါ်ထောင့်မှာ ရှိတဲ့ Edit and remove ကိုနှိပ်လိုက်ပါ။ Reposition photo ဆိုတာကို နှိပ်ပြီး ကိုယ်ကြိုက်သလို နေရာရွှေ့ လို့ရပါပြီ။
spacerသူ့ဘေးနားမှာ ကပ်နေတဲ့ highlight button ကိုနှိပ်လိုက်ရင်တော့ အဲဒိပို့စ်က ဘေးကိုကားသွား မှာ ဖြစ်သလို timeline မှာလဲ အမြဲတမ်းပေါ်နေမှာ ဖြစ်ပါတယ်။
spacerတစ်ကယ်လို့ ကိုယ်က high quality photo တွေတင်ချင်တယ်ဆိုရင် ပုံမတင်ခင်မှာ photo album ကိုသွားပြီးတော့ high quality ကိုရွေးပေးပါ။
spacerFan gate ကို အသုံးပြုပြီး Likes များလာအောင်လုပ်လို့ရပါတယ်။ pages တွေမှာပဲလုပ်လို့ ရတာပါ။ Static HTML apps မှာဆိုရင် setting ထဲမှာဝင်ပြင်ရပါတယ်။ Fan gate ကို ဖွင့်ထားလိုက်ရင် ဒီပေ့စ်ကို ကြည့်ဖို့ဆိုရင် Likes လုပ်ပြီးမှကြည့်လို့ရတဲ့ အတွက် Likes တွေတက်လာတာပါ။ အလကားကြည့်လို့ မရတော့ဘူးပေါ့။
အောက်က button ကို နှိပ်လိုက်ရင် ဘေးနားက နောက် tab တစ်ခုကို ရောက်သွားမှာ ဖြစ်ပါတယ်။
spacerဒီ tab မှာကတော့ facebook မှာ သုံးတဲ့ပုံတွေရဲ့ အတိုင်းအတာတွေကို ဖော်ပြပေးသွားပါမယ်။
Facebook Cover Photo: 851 x 315 (I’m glad they added that extra pixel on the width)
Profile Picture Size: 160 x 160 (or up to 180 x 180 to upload)
Custom Tab Image Size: 111 x 74
Facebook Page Post Images: 960 x 960 (or up to 2048 x 2048 to upload)
Link previews: 90 x 90
Ad image size: 100 x 72
Milestone or Highlighted Post: 843 x 403
Full Image on a Custom Tab: 810 x 1200
Original Link is here:
http://www.rightmixmarketing.com/facebook-tips-tools/the-ultimate-guide-to-facebook-timeline-image-dimensions-sizes-infographic/
spacerဒီနေရာမှာကတော့ Facebook မှာ symbols လေးတွေ ဘယ်လိုရေးမလဲဆိုတာ ရေးသားမှာပါ။
Alt and 1 makes ☺
Alt and 2 makes ☻
Alt and 3 makes ♥
Alt and 4 makes ♦
Alt and 5 makes ♣
Alt and 6 makes ♠
Alt and 7 makes •
Alt and 8 makes ◘
Alt and 9 makes ○
Alt and 1 and 0 makes ◙
Alt and 1 and 1 makes ♂
Alt and 1 and 2 makes ♀
Alt and 1 and 3 makes ♪
Alt and 1 and 4 makes ♫
Alt and 1 and 5 makes ☼
Alt and 1 and 6 makes ►
Alt and 1 and 7 makes ◄
Alt and 1 and 8 makes ↕
Alt and 1 and 9 makes ‼
Alt and 2 and 0 makes ¶
spacerဒီနေရာမှာ နံပါတ်၁၊၂ စတာတွေက လက်တော့ကီးဘုတ်ရဲ့ အပေါ်ဘက်မှာရှိတဲ့ နံပါတ်တွေ မဟုတ်ပါဘူး။ Fnနဲ့ တွဲနှိပ်ရတဲ့ နံပါတ်၊ ဒါမှမဟုတ် NumLock ကို on ထားဖို့လိုပါတယ်။

Thursday, February 14, 2013

ဖေ့စ်ဘွတ်ခ်က ပို့စ်တွေပါ။


ဝိဇ္ဇာနှင့် ရေးမည်။

ဝိဇ္ဇာဆိုတာက လက်ကွက်တစ်မျိုးပါ။ ဘားဂလိ ကနေ မြန်မာကို ပြောင်းပေးပါတယ်။ ဥပမာ ka kar kar ဆိုရင် က ကာ ကား စသဖြင့်ပေါ့လေ။ နောက်ပြီးတော့ encoding မှာဆိုရင် ဇော်ဂျီ၊ ယူနီကုဒ်၊ ဧရာ စ သဖြင့် အတော်စုံပါတယ်။ ကီးဘုတ်မှာ ဆိုရင်လဲ့ ဇော်ဂျီ၊ ယူနီကုဒ်၊ ဧရာ စသဖြင့်ပေါ့လေ။ ကျွန်တော်ထင်တာကတော့ ကိုယ်စက်ထဲမှာ ရှိတဲ့ ဖောင့်တွေရယ်၊ လက်ကွက်တွေ ရယ်ကို ဆွဲခေါ်လိုက်သလိုပဲ။ ယူနီကုဒ် ဖောင့်ကို ဇော်ဂျီလက်ကွက်နဲ့ ရိုက်လို့ ရသလို၊ ဇော်ဂျီ ဖောင့်ကို ယူနီကုဒလက်ကွက်နဲ့လဲ ရိုက်လို့ရပါတယ်။ Install လုပ်စရာလဲ မလိုဘူး။ USB ကနေလဲ သုံးလို့ရပါတယ်။ ဇော်ဂျီလက်ကွက်ပဲ သိတဲ့ လူတွေ ယူနီကုဒ် ရိုက်လို့ ရပါပြီ။

ဘယ်လိုသုံးရမလဲ ဆိုတော့ ဝိဇ္ဇာ ဆိုက်မှာ သွားပြီးတော့ နောက်ဆုံး ဗားရှင်းကို ဆွဲချလိုက်ပါ။ ဇစ်ဖြေ၊ ပြီးရင် waitzar.exe ကို နှစ်ချက်နှိပ်လိုက်ရင် ရပါပြီ။ မြန်မာ ကီးဘုတ်ကို ပြောင်းချင်ရင် Ctrl+Shift ကိုနှိပ်ပါ။ Encoding တို့ လက်ကွက်တို့ပြောင်းချင်ရင် ပုံမှာ ပြထားတဲ့ အတိုင်း ဝိဇ္ဇာရဲ့ ပုံလေးကို Right Click နှိပ်ပါ။ ပြီးရင် typing မှာ သွားပြောင်းလို့ ရပါပြီ။ Encoding မှာရွေးထားတဲ့ ဖောင့်က ဆော့ဝဲလ် ပေါ်မှာ ရှိတဲ့ ဖောင့်နဲ့ တူရမှာဖြစ်ပါတယ်။ ကီးဘုတ်ကိုလဲ ကြိုက်တာရွေးပါ။ ရှမ်းစာပါရေးလို့ရပါတယ်။ Yunghkio နဲ့ ရိုက်ရမှာပါ။ User guide ကိုသေချာဖတ်ပါ။ လက်ကွက်တွေထဲမှာ ဖြုတ်ထားတဲ့ ကီးတွေ ရှိပါတယ်။ ဒါပေမဲ့ တစ်လုံး နှစ်လုံးလောက်ပဲ ဖြုတ်ထားတာပါ။ ကျန်တာ အတော်များများ အဆင်ပြေပါတယ်။ စမ်းသုံးကြည့် ကြပါ။ feed back လဲပေးပါအုံး။
Suyutu


ယူနီကုဒ် သုံးတဲ့လူတွေ ဇော်ဂျီ site တွေကို ဘယ်လိုဖတ်လို့ရမလဲ ဆိုတဲ့နည်းလမ်းလေးပါ။ ဒီနည်းလမ်းကတော့ ကျိန်းသေပါတယ်။ ဒါပေမဲ့ အလုပ်တော့ ရှုပ်တယ်။ ဒီ Link ကို နှိပ်ပြီး ဒေါင်းလိုက်ပါ။ ဇစ်ဖိုင်ကို ဖြေ၊ ပြီးရင် firefox ရဲ့ menu bar>view>tool bars>bookmarks toolbar ကိုနှိပ်။ စောစောက ဖြေထားတဲ့ file (shortcut)ကို bookmarks toolbar ပေါ်ကို ဆွဲတင်လိုက်ရင်ရပါပြီ။ site တစ်ခုခုက ဇော်ဂျီနဲ့ ရေးထားလို့ ဖတ်လို့မရရင် Zawgyi force ကိုနှိပ်လိုက်ပါ။ အော်တိုပြောင်းတာတွေ လိုချင်ရင်တော့ တန်ခူးမြန်မာ ကွန်ဗတ်တာ တို့ကို သုံးလို့ရပါတယ်။ ဒါမှမဟုတ်ရင် font busters ကို greasemonkey နဲ့ တွဲသုံးရင်လဲ ရပါတယ်။ တစ်ခြား ဆိုက်တွေမှာလဲ ရေးပြီးသားပါ။ ကျွန်တော်က ဒီတစ်နေရာထဲမှာ စုထားချင်လို့ ပြန်ရေးထားတာပါ။
Suyutu


မြန်မာတွေထဲမှာ ဇော်ဂျီကို သုံးတဲ့လူတွေ အတော်များပါတယ်။ ရေးထားတဲ့ ဆိုက်တွေကလဲဇော်ဂျီကိုပဲ အသုံးပြုပြီး ရေးကြတာ များပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဇော်ဂျီကိုသုံးမှ ကိုယ်ဆိုက်ကို လာတဲ့လူတွေအတွက်အဆင် ပြေမယ်လို့ထင်ကြလို့ပါ။ တကယ်တော့ ဒီလိုမဟုတ်ပါဘူး။ ယူနီကုဒ်နဲ့ ရေးရင်လဲ ဇော်ဂျီကိုသုံးတဲ့လူတွေ ဖတ်လို့ရပါတယ်။ <div style="font-family:Myanmar3, 'Masterpiece Uni Sans',MyMyanmar" > unicode font </div>လို့ရေးလို့ပါတယ်။ Facebook မှာက ယူနီကုဒ်ကို သုံးလို့ ရပါတယ်။ ဒါပေမဲ့ ဇော်ဂျီသုံးတဲ့လူတွေက များနေတော့ ဇော်ဂျီကို သုံးမှပဲ အဆင်ပြေမယ့် သဘောဖြစ်နေပါတယ်။ ဒီလိုနဲ့ပဲ ဇော်ဂျီကို ဆက်သုံးဖြစ် နေတာပေါ့။ အခုကျွန်တော်ရေးထားတာ မြန်မာ၃ နဲ့ပါ။ ဒါပေမဲ့ ဇော်ဂျီနဲ့လဲ ဖတ်လို့ရပါတယ်။ Static Html ကိုသုံးပြီး ရေးထားတာပါ။ Facebook က profile wall ကိုဆက်မလုပ်တော့တဲ့ အတွက် tab ကို သုံးရတာပါ။ သိပ်မကြာခင်မှာတော့ apps တွေထွက်လာမယ်လို့ ထင်ပါတယ်။ ဇော်ဂျီကို install လုပ်လိုက်တာနဲ့ system ထဲမှာရှိတဲ့ ဖောင့်တွေအကုန်လုံးကို ဇော်ဂျီဖောင့်ပြောင်း ပစ်ပါတယ်။ ဒီလိုမဖြစ်သင့်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ရွေးချယ်ခွင့်ရှိရမှာပါ။ ဒါကြောင့်အတတ်နိုင်ဆုံး ဇော်ဂျီကို install မလုပ်ဖို့ လိုပါတယ်။ ယူနီကုဒ်သုံးတဲ့ လူတွေ ဇော်ဂျီကို ဖတ်နိုင်ဖို့ကိုလဲ နည်းလမ်းတွေ တင်ပြပေးသွားပါ့မယ်။ ဇော်ဂျီ ကနေ ယူနီကုဒ် ပြောင်းပေးတဲ့ ကွန်ဗာတာက ဒီမှာပါ။
Suyutu


ဒီစာမျက်နှာမှာကတော့ unicode ကိုဘာကြောင့်သုံးသင့်တယ်ဆိုတာတင်ပြပေးသွားမှာ ဖြစ်ပါတယ်။အသေးစိတ်ကို ဒီမှာကြည့်လို့ ရပါတယ်။
Click the link

Why use Unicode?

  • It is the international accepted standard by the World Wide Web Consortium, the main international standards organization for the World Wide Web.
  • The fonts necessary to view and edit are freely available.
  • Search is seamless with Unicode.
  • Unicode makes it extremely easy to translate the Wikipedia's interface.
  • Unicode fonts support 11 languages that use the Myanmar script:
    • Burmese
    • 2 liturgical languages: Pali and Sanskrit
    • 8 minority languages: Mon, Shan, Kayah, four Karen languages and Rumai Palaung

Why not Zawgyi?

Although Zawgyi is currently the most widely used solution for input in Myanmar-language websites, it is not Unicode-compliant and does not meet the standards set by the Unicode Standard (nor does it meet the W3C standards, which define the standards for the World Wide Web). Also, there are multiple ways of storing text, which makes search challenging.

However, for those who use Zawgyi and would like to contribute to the Myanmar Wikipedia, several converters (Zawgyi → Unicode 5.1) are available below:

An online typewriter that supports Zawgyi as well as Unicode fonts is available at Burglish System tester

  • Those who have Zawgyi or pseudo-Unicode fonts in their computers find their computers may display incorrect text and might affect other Unicode-supported applications.
  • There are serious problems with encoding and typing in Zawgyi.
    • When users type in Zawgyi, typing in different ordering will create different words. These different words, even though they may render the same, are not stored the same (so search is impossible if words are typed in different ordering). On the other hand, in Unicode, there is only correct way to store text, and incorrect ordering in typing is visible as you type (this means that searching for text is more difficult with Zawgyi).
      Unicode stores text in only one order and render correctly: Unicode rendering of mou.png
      Zawgyi can store text in several ways but superficially appear correct: Zawgyi rendering of mou.png
    • Many Zawgyi users type the number "zero" when they intend to input the consonant "wa." This creates a problem, because converters cannot intelligently find the instances where "zero" is intended and "wa" is intended. When using Unicode, "wa" and "zero" are separate (intelligent rendering shows you if you have typed "zero" instead of "wa").
      Unicode can intelligently tell apart wa and zero: Unicode rendering of 0, wa.png
      Zawgyi cannot intelligently render zero and wa separately: Zawgyi rendering of 0, wa.png
  • Zawgyi uses extra code points which are reserved for minority languages of Myanmar (Shan, Mon, Pwo Karen, S'gaw Karen, Geba Karen, Kayah and Rumai Palaung, as well as Sanskrit and Pali). This creates a conflict, because Unicode has reserved those points to support minority languages in Myanmar, not for Burmese characters that should be intelligently rendered by Unicode engines.
  • Zawgyi uses reserved code points for stacking Burmese consonants and creating combinations of diacritics and medials, whereas Unicode smartly renders these, so fewer code points are required for one language.
    Unicode can intelligently render yayit according to letter width with just one symbol: Unicode rendering of yayit.png
    Zawgyi needs to use two different symbols (total 8 different symbols for short head and short leg forms) for yayit: Zawgyi rendering of yayit.png

ဒီအကြောင်းအရာတွေမှာ copyright ရှိပါတယ်။ link ကိုနှိပ်ကြည့်ပါ။Suyutu


ဒီနေရာမှာတော့ Zawgyi ရဲ့ အချက်အလက်အချို့ကိုတင်ပြပေးသွားပါမယ်။

ဇော်ဂျီအဖွဲ့

ဇော်ဂျီအဖွဲ့ကို ၂၀၀၅ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံ၏ အိုင်တီနယ်ပယ်မှ ပညာရှင် ၅ဦးဖြင့် ပါဝင်ဖွဲ့စည်းထားသည် ဟု Zawgyi.net ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော်လည်း မည်သူများဟု ရှင်းလင်းစွာ မသိရပါ။ ဇော်ဂျီအဖွဲ့၏ ရည်မှန်းချက်မှာ မြန်မာစာသုံးစနစ်တစ်ခုကို မည်သူမဆို လွတ်လပ်စွာ အသုံးပြုနိုင်ရန် ဖြစ်သည်။ ထိုရည်မှန်းချက်ကို အခြေခံ၍ မြန်မာစာသုံး အင်တာနက်ဝန်ဆောင်မှုများ (web service) နှင့် ဆော့ဖ်ဝဲများ (software applications) တို့ကို ထုတ်လုပ်သွားရန် ရည်ရွယ်ထားသည်။ရည်မှန်းချက်အတိုင်း ၂၀၀၅ခုနှစ် နိုဝင်ဘာလတွင် ဇော်ဂျီမြန်မာဖောင့်ကို စတင်ဖြန့်ချိခဲ့သည်။ ဇော်ဂျီစနစ်သည် အခမဲ့ဖြစ်သည်ဟုဆိုသော်လည်း ဆော့ဝဲလိုင်စင်ကို သေချာဖော်ပြမထားပါ။ ဖောင့်ဒီဇိုင်းရေးဆွဲသူ ArtHouse က ဇော်ဂျီစာလုံးပုံစံသည် ၎င်းတို့မူပိုင်ဖြစ်သည်ဟု အဆိုပြုထားပြီး MyMyanmar ကလည်း ဆော့ဝဲလိုင်စင်ကို ဝယ်ယူထားသည်ဟု ကွန်ပျူတာဂျာနယ်တွင် ဖော်ပြထားသည်။ ဇော်ဂျီ၏ ဖောင့်အက္ခရာများစီစဉ်ပုံမှာ အခပေးဖောင့်ဖြစ်သော မြစေတီဖောင့်ကို ကူးယူထားသည်ဟု မြစေတီဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

တွေ့ရှိချက်များ

ယူနီကုဒ်လိုအပ်ချက်များ အားလုံး၏ တစိတ်အပိုင်းကိုသာ လိုက်နာထားသည်။ မလိုက်နာနိုင်သည့် အပိုင်းကို ယူနီကုဒ်က ရှမ်း၊ ပိုးကရင်၊ စကောကရင် စသည်တို့၏ အတွက်သတ်မှတ် ပေးထားသောနေရာများ မှ ရယူသုံးစွဲထားသည်။ ထို့ကြောင့် ဇော်ဂျီကိုသုံးစွဲလျှင် စံစနစ်အတိုင်းရေးထားသော စာများကို မှန်ကန်စွာ ဖတ်ရှုနိုင်မည် မဟုတ်။ စာလုံးများကို မှန်ကန်စွာ စီစဉ်နိုင်မည်မဟုတ်။ ကွန်ပြုတာတွင် ရှာရာ၌ ပြည့်စုံလုံလောက်သော ရလဒ်ကို ရရှိနိုင်မည်မဟုတ်ပေ။ ဤဖေါင့်ဖြင့် သုံးထားသော ဝက်ဘ်ဌာနများ အပြည်ပြည်ဆိုင်ရာ စံလုပ်ထုံးနှင့် မကိုက်ညီပါ။ ဇော်ဂျီအဖွဲသည် မည်သူက မည်သို့ ပြုလုပ်ထားသည်ဆိုသော အထောက်အထားကောင်းစွာ ပြသခြင်းမျိုးမရှိဘဲ ၎င်းတို့စိတ်တိုင်းကျ ဆောင်ရွက်နေသည်ကို သိရသည်။ မြန်မာစာဖွံဖြိုးရေးအတွက် ဆောင်ရွက်နေသော NLP ကဲ့သိုသော ကွန်ပြူတာ အသင်းကဲ့သို့သော အဖွဲ့အစည်းကြီးများနှင့် ပေါင်းစည်းဆောင်ရွက်မှု မရှိသည်မှာ အထင်ကရဖြစ်နေသည်။

ကိုစိုးမင်း www.soemin.net မှ zawgyi 2009 version ကို develop လုပ်ခဲ့သော်လည်း ဇော်ဂျီအဖွဲ့က တရားဝင် အဆင့်မြှင့်တင်မှုအဖြစ် လက်မခံခဲ့ပေ။

အနာဂတ်ရည်မှန်းချက်

ဇော်ဂျီအဖွဲ့၏ မျှော်မှန်းချက်မှာ ကွန်ပျူတာသုံးမြန်မာစာသည် ဖွံ့ဖြိုးပြီးသား အခြားစာစကားများနှင့် တန်းတူရင်ဘောင်တန်းနိုင်ရန် ဖြစ်သည်။ OCR ၊ ဘာသာပြန် ၊ speech recognition ၊ translation စသည်တို့ကို စွမ်းဆောင်နိုင်ရန်ဖြစ်သည်ဟု ဖော်ပြထားသည်။ သို့သော် ဇော်ဂျီသည် ၎င်း၏ ဖော်ပြချက်ဖြစ်သော ယူနီကုတ်စနစ်သို့ အဆင့်မြှင့်သွားရန်ဟူသောအချက်ကို လိုက်နာရန် ပျက်ကွက်ခဲ့သည်။

ဒီအကြောင်းအရာတွေမှာ copyright ရှိပါတယ်။ link ကိုနှိပ်ကြည့်ပါ။Suyutu


မြန်မာယူနီကုဒ်ဖောင့်များနှင့်လက်ကွက်များ

မြန်မာဖောင့်များ

မြန်မာလက်ကွက်များ

mm3-multios Keymagic1.5 installer
Parabik Parabik Package
Padauk EKaya
Thanlwin EKaya
Xenotype Xenotype
Mymyanmar Mymyanmar
Yunghkio Yunghkio
Winmyanmar Winmyanmar
Panglong Panglong
Tharlon
Masterpiece uni sans Mossix.iso
ဝိဇ္ဇာ

ပိုပြီးတော့အသေးစိတ်သိချင်ရင်တော့ myanmarlanguage.org မှာဖတ်လို့ရပါတယ်။ Keymagic ကို install လုပ်ဖို့ဆိုရင် .net framework 3.5 ရယ် vc2008 redist ရယ်လိုပါတယ်။ နောက်တစ်ခုကတော့ Keyman ဆိုတာပါ။ မြန်မာ၂ နဲ့ တွဲပြီး အင်စတော်လာ အနေနဲ့လာပါတယ်။ ဒါကိုတော့ မဖော်ပြတော့ပါဘူး။ ဖောင့်ရော လက်ကွက်ရော free ဖြစ်သင့်ပါတယ်။
ဇော်ဂျီကို စွန့်လွတ်တော့မယ် ဆိုရင် ဇော်ဂျီနဲ့ ရေးထားတဲ့ site တွေကို ဖတ်ဖို့အတွက် လုပ်စရာတွေရှိလာပါပြီ။ ကျွန်တော်ကတော့ font busters ကိုသုံးပါတယ်။ ဒီ script ကို သုံးဖို့ Greasemonkey လိုပါတယ်။ တစ်ကယ်လို့ စာတွကို ဖတ်လို့မရရင် refresh ပြန်လုပ်ပေးဖို့ လိုပါတယ်။ ကျွန်တော့် ဆိုက်မှာကတော့ inline style ကိုသုံးပြီး ကိုယ်သုံးထားတဲ့ ဖောင့်ကိုဖော်ပြပါတယ်။ ဒါဆိုရင် ဘာဖောင့်နဲ့ ပဲဖြစ်ဖြစ်ဖတ်လို့ရပါတယ်။ ဆိုက်ပိုင်ရှင်တိုင်းက ဒီလိုလုပ်မယ်ဆိုရင် လူတိုင်းဖတ်လို့ရမှာပါ။ Facebook မှာဆိုရင် Static HTML ကိုသုံးပါတယ်။ ဒီ apps က HTML ကို ထောက်ပံ့ပေးနိုင်ပါတယ်။ ဇော်ဂျီကို မသုံးပဲ နေလို့ရမယ့် နည်းလမ်းတွေကို ရှာဖွေပြီး တင်ပြ သွားပါ့မယ်။ ဇော်ဂျီကို ဆက်မသုံးကြဖို့လဲ တိုက်တွန်းချင်ပါတယ်။ Broken link တွေကို သတင်းပို့ပေးပါ။ ကျေးဇူးတင်ပါတယ်။
Suyutu