Advertisement

Tuesday, January 29, 2013

မြန်မာ Web hosting site များကို လေ့လာသုံးသပ်ခြင်း

မြန်မာ Web hosting site များကို လေ့လာသုံးသပ်ခြင်း
spacer Website တစ်ခုရေးသားထုတ်လွင့်ဖို့ဆိုရင်
  1. domain name တစ်ခု
  2. software (Wordpress, b2evolution, DreamWeaver)
  3. Webhosting Site တစ်ခုလိုပါတယ်။
spacer ဘာတွေကိုအဓိကထားရမလဲဆိုတာပြောပြသွားပါ့မယ်။ Domain name ကိုပြည်တွင်းမှာ ဝယ်လို့ရပါတယ်။ ကုမ္ပဏီတစ်ခုနဲ့တစ်ခု ဈေးနှုန်းတူမှာတော့ မဟုတ်ပါဘူ။ Domain နဲ့ Hosting တွဲဝယ်ရင် အကောင်းဆုံးပါ။ တစ်ကယ်လို့ ပြဿနာတစ်ခုခု ဖြစ်လာခဲ့ရင် ကုမ္ပဏီတစ်ခုထဲကိုပဲ ဆက်သွယ်ရတော့မှပါ။ ဒီလိုမှ မဟုတ်ရင် ကုမ္ပဏီနှစ်ခုကြား ဗျာများနေရပါလိမ့်မယ်။ software အနေနဲ့ ကတော့ online မှာဆိုရင် wordpress, b2evolution စတဲ့ software တွေလိုပါတယ်။ ကိုယ်စက်ပေါ်မှာ စမ်းသပ်ကြည့်ဖို့ Xampp လို sever software တွေလိုပါတယ်။ Wordpress ကို ကိုယ့်စက်ပေါ်မှာပဲ တင်ပြီးစမ်းလို့ရပါတယ်။ ကိုယ့် website ကို online ပေါ်မှာ ရှိနေဖို့ဆိုရင် webhosting site တစ်ခုလိုပါတယ်။ အောက်မှာဖော်ပြထားတာတွေကတော့ မြန်မာ hosting site တွေပါ။ ကုန်ကျစရိတ်အနည်းဆုံးကနေ စစီထားတာပါ။ Worldwidemyanmar နဲ့ Webhost MM တို့က Domain ပါပါပြီးသားပါ။ Hosting တစ်ခုဝယ်တော့မယ်ဆိုရင် online storage, bandwidth တွေအပြင် သုံးထားတဲ့ software, အခက်အခဲရှိရင်ဘယ်လိုကူညီမှာလဲ၊ setup ရောလုပ်ပေးမှာလား၊ အခြား online service တွေရောပါလား၊ backup ရောလုပ်ပေးမှာလား စသဖြင့်သိထားဖို့လိုပါတယ်။ software ဆိုရင်လဲ နောင်ဆုံးပေါ် တွေသုံးထားရင် ပိုကောင်းပါတယ်။ အထူးသဖြင့် PHP, Mysql စသဖြင့်ပေါ့။ အကူအညီကရော 24/7 ပေးမှာလား၊ one click installation ဆိုရင်အလုပ်မရှုပ်တော့ဘူးပေါ့။ wordpress လို CMS လို software တွေကိုရော သုံးလို့ ရမှာလား။ cloud flare လို ဝန်ဆောင်မှုတွေရော လုပ်ပေးမှာလား။ နိုင်ငံတကာအတွက် ရည်ရွယ်တယ်ဆို ရင်တော့ cloud flare ရထားတာကောင်းပါတယ်။ ပြည်တွင်းအတွက်ပဲ ရည်ရွယ်တယ်ဆိုရင်တော့ local server ကပိုကောင်းမှာပါ။ cloud flare က ကိုယ့် site down မသွားဖို့လဲ ကူညီပေးပါတယ်။ ပိုလဲ မြန်လာစေပါတယ်။ cloudflare service ကို သုံးမယ်ဆိုရင် DNS server ကို ပြောင်းပေးဖို့လိုပါတယ်။ ဒီတော့ Domain တစ်ခုဝယ် တော့မယ်ဆိုရင် cloudflare DNS server ကိုပြောင်းပေးနိုင်မလားဆိုတာ မေးရမှာဖြစ်ပါတယ်။ Backup ကသာမန်အားဖြင့် ၇ရက်တစ်ကြီမ်လောက် လုပ်ပေးလေ့ရှိပါတယ်။ ဒါဆို site down သွားရင်တောင် အများကြီး ပြန်ရေးဖို့မလိုတော့ဘူးပေါ့။ uptime က ၉၉% ကျော်လောက်ရှိနေဖို့လိုပါတယ်။
Site Name
Online Storage
Bandwidth
Support
Price/year
Remarks
Worldwidemyanmar unlimited unlimited 24/7 25000 Best value
Web Host MM unlimited unlimited not know 27000 2nd Best Value
Shwe Web Hosting 500 Mb 5 G/month 24/7 29500 complete webhosting
Orient Software 100 Mb 1 G not know 30000
IT Myanmar 1000 Mb unlimited not know 32400
Aero Technology unlimited unlimited not know 42000
Myanmar Host 1 G 2 G not know 59.4 $
101 Domain unlimited unlimited email/chat 83.4 $ 2nd Highest price
Ihost Myanmar 150 Mb 20 G/month not know 72000 cloudflare support

spacerShwe Web HostingWorldwidemyanmarOrient Software နှင့် Myanmar Host တွေက ကျွန်တော့်ရဲ့ sponsor siteတွေပါ။ ဒီနေရာမှာ unlimited ဆိုတာက online usage နဲ့ bandwidth/month တွေကို စောင့်ကြည့်မနေဘူးလို့ပဲ ဆိုလိုတာပါ။ ကိုယ်သုံးချင်သလောက်သုံးလို့ရမယ်လို့မဆိုလိုပါဘူး။site က ပံ့ပိုးပေးနိုင်တဲ့ ပမာဏရယ်၊ သုံးတဲ့လူအနည်းအများပေါ်မူတည် ပြီးတော့ ကိုယ်သုံးလို့ရတဲ့ ပမာဏက ကွာခြား သွားမှာပါ။ အဲဒီလိုsite တွေကို အသုံးပြုမယ်ဆိုရင်တော့ သေချာအောင်မေးဖို့လိုပါတယ်။ ဒီမှာ ဖော်ပြထားတဲ့ ဈေးနှုန်းတွေက ဈေးအနည်းဆုံး တွေကို ဖော်ပြထားတာပါ။ တစ်ချို့site တွေမှာဆို ရွေးချယ်စရာ နှစ်မျိုး၊ သုံးမျိုးလောက်ရှိပါတယ်။ စစချင်းတော့ စျေးအနည်းဆုံးကနေ စသုံးပြီးတော့ တစ်ဖြည်းဖြည်းနဲ့ကိုယ့်site ကို လူသိများလာမှာပဲ အခြား ပိုကောင်းတဲ့ အစီအစဉ်တစ်ခုကိုရွေးချယ်သင့်ပါတယ်။
spacerWorldwidemyanmar - ဈေးအသက်သာဆုံးပါ။ latest software တွေသုံးထားပါတယ်။ ရက်၃၀ အတွင်းမကြိုက်ရင်ငွေပြန်အမ်းပေးပါတယ်။ နေ့စဉ် backup လုပ်ပေးပါတယ်။ USA server ပါ။ Dreamweaver နဲ့ iWeb ready ပါ။ အရမ်းကောင်းတဲ့ site တစ်ခုပါ။ support လုပ်နိုင်တဲ့ bandwidth က အရမ်းများပါတယ်။ wordpress နဲ့ အခြား software တွေကိုပါ one click install ပါပါတယ်။ အရမ်းသင့်တော်တဲ့ site တစ်ခုလို့ ထင်ပါတယ်။ local server အနေနဲ့လဲ ရနိုင်ပါတယ်။ တစ်နှစ်ကို ၃၀၀၀၀ ကျပ်နဲ့ပါ။ 200 Mb online storage နဲ့ 5G bandwidth ပေးထားပါတယ်။
spacerWebhost mm က Wordpress ready site ပါ။ Wordpress ပါတာကို ရွေးချင်ရင်တော့ Webhostmm ကိုရွေးချယ်ပါ။ ဈေးသက်သာပါတယ်။ Wordpress က plugin တွေအများကြီးပါ။ fourm ကိုလည်း ပြုလုပ်နိုင်တဲ့ plugin ရှိပါတယ်။ b2evolution တို့ CMS software တွေသုံးဖို့မလိုဖူးဆိုရင်တော့ Webhostmm ကိုရွေးသင့်တယ်လို့ထင်ပါတယ်။ ဒုတိယအကောင်းဆုံးအနေနဲ့ recommdend ပေးချင်ပါတယ်။
spacerShwe Hosting ကတော့ limited bandwidth, online storage တွေနဲ့ပါ။ သူပေးထားတဲ့ service,support တွေကအရမ်းကောင်းပါတယ်။ ဈေးကလဲ သင်တင့်တဲ့ ဈေးတစ်ခုပါ။ သူ့မှာ e-commence ပါ ပါလာပါတယ်။ Domain က သတ်သတ်ဝယ်ရမှာပါ။ ကိုယ်ရတဲ့ online storage,bandwidth စတာတွေကို သတ်သတ်မှတ်မှတ်ကလေး သုံးချင်တယ်ဆိုရင်တော့ ရွေးချယ်သင့်ပါတယ်။ သူsite မှာ က အဆင့်မြင့်ချင်ရင်လည်း ဈေးနှုန်းသိပ်မကွာလှတဲ့ ရွေးချယ်စရာတွေရှိနေပါတယ်။နေ့စဉ် backup လုပ်ပေးပါတယ်။
spacerOrient software ကတော့ bandwidth, online storage တွေ Shwe ထက်နည်းပါတယ်။ ဘာ information ကိုမှလဲ မပေးထားပါဘူး။ မှတ်ချက်ပေးဖို့ဆိုရင်တော့ ဒိထက်ပိုသိဖို့လိုပါတယ်။ သိထားတဲ့ အချက်အလက်တွေအရဆိုရင်တော့ Shwe ရဲ့ နောက်မှာပဲ ရှိပါတယ်။
spacerItmyanmar ကတော့ storage မှာ Shwe ထက်နှစ်ဆများပြီးတော့ unlimited bandwidth နဲ့ပါ။ တစ်ခြား အချက်အလက်တွေတော့ဖော်ပြမထားပါဘူး။ ဒိထက်ပို သိရှိဖို့လိုပါတယ်။
spacerAerotechnology ကတော့ resource အတော်များများ unlimited ပေးထားပါတယ်။ one click install ပါပါတယ်။ setup လုပ်ပေးပါတယ်။
spacerMyanmarhost ကတော့ နာမည်ရ ကုမ္ပဏီတစ်ခုပါ။ monthly bandwidth မှာတော့ Shwe ထက်နည်းပါတယ်။ storage မှာတော့နှစ်ဆလောက်များပါတယ်။ visitor များများလာဖို့မျှော်လင့်မထားရင်တော့ အဆင်ပြေမှာပါ။ one click install ပါပါတယ်။ support, backup plan တွေဖော်ပြမထားပါဘူး။
spacer101 Domain ကတော့ resources တွေကို unlimited ပေးထားပါတယ်။ support က chat/email နဲ့ ပါ။ multiple support ဆိုရင်တော့ပိုက်ဆံထပ်ပေးဖို့လိုပါတယ်။ ၁၀၁ ရက်အတွင်းမကြိုက်ရင် ငွေပြန်ပေးမည့်အစီအစဉ်ပါပါတယ်။ ၃နှစ်စာယူမယ်ဆိုရင် Myanamrhost နဲ့ ဈေးတူပါတယ်။ ပိုက်ဆံတတ် နိုင်ရင်တော့ သုံးလို့ကောင်းမည့် site တစ်ခုပါ။
spacerIhost ဆိုရင်တော့ cloudflare support ပါပါတယ်။ ဒါပေမဲ့ သူ့မူရင်းsite မှာအလကားယူ လို့လဲရပါတယ်။ signup လုပ်ရမှာပါ။ ပိုက်ဆံပေးထားတာလောက်တော့ မကောင်းဘူးပေါ့။ cloudflare Pro ကတစ်လကို ဒေါ်လာ ၂၀ လောက်ကျပါတယ်။ တစ်ကယ်လို့ Ihost က Pro version ကိုပေးတာဆိုရင်တော့ တန်ပါတယ်။ cloudflare ဝန်ဆောင်မှုကိုလဲ လိုချင်ရင်ပေါ့လေ။ ဒါမှမဟုတ်လို့ free ရထားတာကိုပဲပေး တယ်ဆိုရင်တော့ အခြား cloudflare ကို support လုပ်တဲ့ကုမ္ပဏီတစ်ခု ကိုသုံးတာကမှ ပိုက်ဆံသက်သာဦးမယ်။
spacerWorldwidemyanmar နဲ့ Ihost ကြားမှာ ဈေးနှုန်းက သုံးဆလောက်ကွာပါတယ်။ unlimited ဆိုရင်တော့ server မှာ သုံးတဲ့လူများရင် ကိုယ့်အတွက်က ရတာနည်းသွားမှာပါ။ limited ဆိုရင်တော့ ကိုယ်သုံးခွင့်ရှိသလောက်တော့ သုံးလို့ရမှာပါ။ limited ထဲမှာဆိုရင်တော့ Shwe ကို ညွှန်းချင်ပါတယ်။ unlimited ထဲမှာဆိုရင်တော့ worldwidemyanmar ပါ။ cloud flare service ကို လိုချင်ရင်တော့ အခြားကုမ္ပဏီတွေကို စုံစမ်းပြီးမှပဲ Ihost ကို ရွေးချယ်ပါ။ reseller တွေဆီကတော့ မဝယ်ပါနဲ့။ support တွေမကောင်းပါဘူ။ 101 နဲ့ Worldwidemyanmar ကတော့ စမ်းသုံးကြည့်လို့ရပါတယ်။ MySQL data base များတာကလဲ ကောင်းတဲ့ အချက်တစ်ခုပါ။ ဒါပေမဲ့ အများကြီးတော့ မလိုပါဘူး။ အကောင်းဆုံးကတော့ မဝယ်ခင်မှာသေချာအောင်မေးပါ။

Wednesday, January 23, 2013

Microsoft excel puzzle solver for sudoku

Sudoku puzzle တွေကိုဖြေရှင်းပေးနိုင်တဲ့ excel file


spacerဒီနေ့တော့ sudoku အကြောင်းပို့စ်တစ်ခုလောက်ရေးမယ်လို့ စဉ်းစားမိတယ်။ ကျွန်တော်အရင်က ရေးခဲ့တဲ့ excel file ကို ပြန်စမ်းကြည့်၊ လိုတာဖြည့်ပြီးတော့ ဒီ ပို့စ်ကို ရေးလိုက်တာ။
spacersudoku မှာအခြေခံကျတဲ့ နည်းစနစ်လေးတွေကို အရင်ဆုံးပြောပြချင်ပါတယ်။ Sudocue.net ကပါ။
  1. Squeezing
  2. spacerSqueezing ဆိုတာက ပုံမှာတွေ့ရသလိုပါပဲ။ အစိမ်းနုရောင်ခြယ် ထားတဲ့ အကွက်တစ်ခုပဲ နံပါတ် ၉ ထည့်ဖို့ကျန်ပါတော့တယ်။ ဒါကို Squeezing လို့ခေါ်ပါတယ်။squeezing
  3. Crosshatching
  4. spacerCrosshatching ဆိုတာက row,column,house တစ်ခုခုကို ပစ်မှတ်ထားပြီးတော့ ထည့်ရမယ့် နံပါတ်ရှာ တာပါ။ အစိမ်းနုရောင်အကွက်ကိုကြည့်ပါ။
    crosshatching
    crosshatching
  5. Locked Candidates
  6. spacerLocked Candidates ဆိုတာက အတိုင် ဒါမှမဟုတ် အတန်းတစ်ခုခုမှာ မဖြစ်မနေရှိရမည့် နံပါတ်မျိုးကိုရှာတာပါ။ ဒါဆိုရင် တစ်ခြားအကွက်တွေမှာ အဲဒိနံပါတ်ကို ဖယ်ထုတ်လို့ရပါပြီ။ ဒီပုံပါ အတိုင်းဆိုရင် R1C4 နဲ့ R3C4 အကွက်တွေမှာ ၁ ရှိကိုရှိရမှာ ဖြစ်တဲ့အတွက် R7C4,R8C4,R9C4 အကွက်တွေကနေ နံပါတ် ၁ ကို ဖယ်ထုတ်လို့ရပါပြီ။
    Locked Candidates
    spacerအောက်ကပုံမှာ ဆိုရင်တော့ R7C7 နဲ့ R9C7 အကွက်တွေမှာ ၂ မဖြစ်မနေရှိနေရမှာ ဖြစ်တဲ့ အတွက် အဲဒိ house ထဲမှာရှိတဲ့ တစ်ခြား ၂ တွေကို ပယ်လိုက်လို့ရပါပြီ။ Crosshatching နည်းအရ ကြည့်လိုက်ရင် ၂ အတွက်နေရာ က အဲဒိနှစ်ကွက်မှာပဲ ဆိုတာတွေ့ရမှာပါ။ Cloumn 7 ကို ကြည့်ပါ။
    Locked Candidates2
  7. Unlocked Single
  8. spacerပုံမှာဆိုရင် R4C7 နဲ့ R4C8 မှာ နံပါတ် ၃ ရှိကိုရှိနေရမှာဖြစ်ပါတယ်။ ဒီလိုဆိုရင် R4C3 က ၃ ကို ပယ်လိုက်လို့ရပါပြီ။ ဒီအတွက်ကြောင့် R2C3 မှာ ၃ ကိုပဲ ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။
    Unlocked Single
  9. X-wings
  10. spacerX-wings က အခြေခံထဲမှာတော့ မပါပါဘူး။ ဒါပေမဲ့ အသုံးဝင်တဲ့ အတွက် ထည့်ပေး လိုက်တာပါ။ ဒီပုံမှာ ဆိုရင် Row2 မှာ lock candidate နှစ်ခုတွေ့ရပြီးတော့ Row6 မှာ lock candidate နှစ်ခုတွေ့ရပါတယ်။ အဲဒိတော့ ထည့်ရမယ့် နံပါတ်တွေက ထောင့်ဖြတ်အတိုင်းရှိနေမှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် column 5 နဲ့ 9 မှာ ၁ ထပ်ထည့်လို့မရတော့ပါဘူး။
    X-wings1
    spacer အောက်ကပုံကတော့ column 6 နဲ့ 7 မှာ ရှိတဲ့ lock candidate နှစ်ခုကို အသုံးချပြီး Row 3 နဲ့ 5 မှာ ရှိတဲ့ ၁တွေကို ဖယ်ထုတ်လိုက်တာပါ။
    X-wings1

spacerအခြေခံဖြေရှင်းနည်းတွေ နားလည်ပြီဆိုရင်တော့ ကျွန်တော်ရဲ့ ဖိုင်လေး အကြောင်းဆက်သွားချင် ပါတယ်။ macro ကို enable လုပ်ထားဖို့လိုပါတယ်။ အဝါရောင်ဘောင် ကွပ်ထားတဲ့ table ထဲမှာ ဆုဒိုကု puzzle ထဲက ဂဏန်းတွေကိုဖြည့်ပါ။ ပြီးရင် recalculate ကိုနှိပ်ပါ။ ဒီ button ကိုအချိန်အတော်များများသုံးရမှာ ဖြစ်ပါတယ်။ ကိုယ်က ဂဏန်းတစ်ခုခုရိုက်ထည့်ပြီးရင်လည်း ဒါကိုပဲ နှိပ်ပါ ။ တစ်ကယ်လို့ ဒါကိုနှိပ်လိုက်လို့ အကွက်တစ်ခုထဲမှာ ဂဏန်းတစ်လုံးပဲ ကျန်ခဲ့တယ်ဆိုရင်လည်း ဒီခလုတ်ကိုပဲ နှိပ်ပါ။ စာလုံးအကြီးပြောင်း သွားရင်တော့ ဆက်မနှိပ်ပါနဲ့တော့။ ပြီးရင် find1, find2 စတာတွေကို သုံးပြီးတော့ နံပါတ်တွေကိုလိုက်ရှာပါ။ ကျွန်တော်တို့ sudoku puzzle တွေကို ဖြေရှင်းတဲ့ အခါမှာ အကွက်တစ်ခုလုံးက ဂဏန်းတွေကို လိုက်ကြည့် သလိုပါပဲ။ ဒီမှာက အရောင်ခြယ်ထားတော့ ကြည့်ရတာ ပိုရှင်းပါလိမ့်မယ်။ Clear contents ဆိုတာက table ထဲမှာ ရှိနေတဲ့ ဂဏန်းတွေကို ဖျက်ပစ်ဖို့အတွက်ပါ။ macro ကိုသုံးထားတာဖြစ်တဲ့အတွက် undo လုပ်လို့မရပါဘူး။ conditional format ဆိုတာကတော့ အကုန်လုံးဖြည့်ပြီးတဲ့အချိန်မှာ မှန်၊မမှန် ပြန်စစ်ဖို့ပါ။
myfile2
spacer sheet2 မှာကတော့ ဘယ်လိုသုံးရမလဲဆိုတာကို ရေးပေးထားသလို ဘာတွေမလုပ်ရဘူး ဆိုတာလဲ ပြောထားပါတယ်။ အရောင်နဲ့ ပြထားတဲ့အတွက်အရမ်းကိုကြည့်ရတာရှင်းမယ်လို့ထင်ပါတယ်။ ဒီပို့စ်မှာ ရေးထား တဲ့ နည်းစနစ်တွေနဲ့ ကောင်းကောင်းအလုပ် ဖြစ်ပါတယ်။ သုံးကြည့်လို့အဆင်မပြေတာရှိရင် မေးနိုင် ပါတယ်။
myfile2
spacerအောက်ကပုံမှာတော့ ဇန်နဝါရီ ၂၄ရက်နေ့ထုတ် အင်တာနက်ဂျာနယ် ရဲ့ sudoku puzzle ကို ဥမာပေး ဖြေရှင့်ပြထားပါတယ်။ ပထမဆုံး Clear contents ကိုနှိပ်ပြီး ဇယားကွက် ထဲကဂဏန်းတွေကို ဖျက်လိုက်ပါ။ နောက်ပြီးတော့ ပုစ္ဆာထဲမှာပေးထားတဲ့ ဂဏန်းတွေကို ရိုက်ထည့်လိုက်ပါ။
fillin
spacerဖြည့်ပြီးရင် Recalculate ကိုနှိပ်ပါ။ ကျွန်တော့်ရဲ့ နည်းစနစ်ကတော့ ဖြစ်နိုင်တဲ့ ဂဏန်းတွေ အကုန် လုံးဖြည့်၊ ပြီးတော့မှ မလိုအပ်တဲ့ ဂဏန်းတွေကို ဖယ်ထုတ်မှာပါ။ အခုဖြစ်နိုင်ခြေရှိတဲ့ ဂဏန်းတွေ အကုန်လုံးကို ဇယားကွက်ထဲမှာ မြင်နေရပြီဖြစ်ပါတယ်။
aftercalculate
spacerအခု နံပါတ်၁ ကို ရှာချင်ရင် Find No.1 ဆိုတဲ့ ခလုတ်ကိုနှိပ်ပါ။ ရှာချင်တဲ့ နံပါတ်နဲ့ သက်ဆိုင်တဲ့ ခလုတ်ကိုနှိပ်ပါ။ အောက်ကပုံမှာတော့ ၂ ကိုရှာပြထားပါတယ်။ column 1 မှာ ၂ တစ်လုံးတည်းဖြစ်နေတာကို တွေ့ရမှာပါ။ ဒီအကွက်မှာ ၂ ကို ဖြည့်လိုက်ပါ။ ပြီးရင် Recalculate ကိုနှိပ်ပါ။ တစ်ခါတစ်လေကျရင် ကိုယ်ရိုက် ထည့် စရာကို မလိုပဲနဲ့ ဂဏန်းတစ်လုံးတည်းဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ ဒါဆိုရင်လည်း Recalculate ကိုပဲနှိပ်လိုက်ပါ။
2spotted
spacerအောက်ကပုံမှာကတော့ X-wings ကိုပြထားတာပါ။ ဒီပုစ္ဆာတစ်ခုလုံးမှာ ဒီတစ်နေရာပဲ ခက်တဲ့နေရာလို့ထင်ပါတယ်။ Find No.1 ကိုနှိပ်ထားတဲ့အနေအထားပါ။ column 3 နဲ့ 8 မှာ X-wing ကိုတွေ့ရမှာပါ။ ဒါဆိုရင် R1C1,R8C5,R8C7 အကွက်တွေက ၁ တွေကို ဖယ်ထုတ်လိုက်လို့ရပါပြီ။
xwingspotted
spacerအောက်ဆံ့းမှာတော့နောက်ဆုံးရလာတဲ့ ပုံကိုပြထားပါတယ်။
finalresult
Click here to download excel file

Sunday, January 20, 2013

မြန်မာယူနီကုဒ်ကိုပဲ သုံးကြရအောင်

spacerမြန်မာ website တွေမှာ ဆိုရင် ဇော်ဂျီ နဲ့ ယူနီကုဒ်နဲ့ ဆိုပြီးနှစ်မျိုးကွဲနေတာတွေ့ရပါတယ်။ ဇော်ဂျီကို သုံးတဲ့ site တွေကအတော်လေးကိုများပါတယ်။ အားလုံးလဲသိကြ ပြီးသားဖြစ်မှာပါ။ ဇော်ဂျီက ယူနီကုဒ် အစစ်မဟုတ်ဘူးဆိုတာကိုပါ။ ဇော်ဂျီကို သုံးရတာပိုအဆင်ပြေလို့။ သုံးနေကျဖြစ်လို့။ လက်ကွက်ပြောင်းမသုံးချင် ကြလို့ စသဖြင့်ပေါ့လေ။ အကြောင်းပြချက်တွေ အများကြီးရှိပါတယ်။ ဒီလိုနဲ့ပဲ ကျွန်တော်တို့က ဇော်ဂျီနဲ့ပဲ နေကြ မှာလား။ ဇော်ဂျီကို သုံးရင် search engine တွေမှာ ရှာရတာ ဒုက္ခရောက်ပါတယ်။ မြန်မာစာ ရေးထုံးကိုလဲ မလိုက်နာပါဘူး။ တိုင်းရင်းသားတွေအတွက်ဖောင့်စ်တွေကို ယူသုံးထားတယ်။ စသဖြင့်ပေါ့လေ။
spacerဇော်ဂျီက တစ်ဖက်၊ တစ်ခြားယူနီကုဒ်တွေက တစ်ဖက် အဆင်မပြေဘူးဖြစ်နေတော့ ဖတ်ရတာ ဒုက္ခအတော် ရောက်ပါတယ်။ သူများနိုင်ငံတွေကကော ဘယ်လိုမြင်မလဲ။ ကျွန်တော့်အနေနဲ့ ကတော့ standard တစ်ခုရှိစေချင်တာက လူတွေ ညှိနှိုင်းပြီးအဖြေရှာလို့ ရမယ်လို့ထင်ပါတယ်။
spacerအွန်လိုင်းမှာ ယူနီကုဒ်ကိုပဲ သုံးကြရအောင်ပါ။ လက်ကွက်အဆင်မပြေတဲ့ သူတွေအတွက် zawgyi to unicode converter ကိုသုံးလို့ရပါတယ်။ အခု ကိုစေတန် wordpress အတွက် ရေးထားတဲ့ plugin က ဇော်ဂျီနဲ့ ရိုက်ထားတဲ့ comment တွေကို ယူနီကုဒ်ပြောင်းပေးနိုင်ပါတယ်။ ဒါဆိုရင် ပိုစ့်တွေကို ပြောင်းဖို့ဆိုတာ အခက်အခဲ မရှိဘူးလို့ထင်ပါတယ်။ ဒီလို plugin ကို facebook, google plus တို့အတွက်ပါရေးနိုင်မယ်ဆိုရင် အဆင်ပြေ သွားမှာပါ။ ရေးတာက ဘာနဲ့ပဲရေ:ရေးပါ online ပေါ်မှာတော့ တစ်မျိုးတည်းဖြစ်စေချင်ပါတယ်။
spacerနောက်တစ်ဆင့်ကတော့ ယူနီကုဒ်မရှိတဲ့ ကွန်ပြူတာတွေအတွက် unicode embed လုပ်ပေးဖို့ လိုပါတယ်။ ဒါဆိုရင် ယူနီကုဒ်နဲ့ ရေ:ထားတဲ့ site တွေကို ယူနီကုဒ်မလိုဘဲနဲ့ ဖတ်လို့ရမှာပါ။ ဇော်ဂျီကိုတော့ ရွေးမထားဖို့လိုပါတယ်။ ဒါဆိုရင် ဖတ်ချင်လာကြမှာပါ။ သူများပြောင်းမှလိုက်ပြောင်းမယ်လို့ မစဉ်းစားပဲနဲ့ ကိုယ့်ဘာသာကိုယ် ပြောင်းကြဖို့လိုပါတယ်။ ဆန္ဒရှိဖို့ပဲ လိုပါ တယ်။
spacerဇော်ဂျီကိုရေးခဲ့တဲ့ လူတွေကတော့ ဇော်ဂျီကိုပဲ သုံးစေချင်မှာပါ။ ကျွန်တော်ကတော့ non-standard ဖောင့်စ်တစ်ခုကို မသုံးစေချင်ပါဘူး။ ကျွန်တော်တို့နိုင်ငံမှာ developer တွေအများကြီးရှိပါတယ်။ သူတို့အကူ အညီနဲ့ ပြောင်းလို့ရမှာပါ။ အချိန်ကြာကောင်းကြာနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ပြောင်းလို့ရမှာပါ။ ရေးပြီးသား ပို့စ်တွေကိုတော့ ယူနီကုဒ်ပြောင်းပြီး ပြန်တင်ဖို့လိုတာပေါ့။ ဒီအတွက်လဲ စိတ်မပျက်ကြပါနဲ့။ အကုန် လုံးကို ဒီနေရာကနေ တိုက်တွန်းချင်ပါတယ်။ ယူနီကုဒ်ကိုပဲ သုံးကြပါလို့။ ဒီ ပို့စ်ကို ဖတ်ကြည့်လို့ သဘောကျရင် "like" လုပ်ပေးပါ။

Thursday, January 17, 2013

devcon command line utility ကို အသုံးပြုခြင်း

  1. နိဒါန်း
  2. အကူအညီ
  3. အသုံးပြုပုံ
  4. လက်တွေ့အသုံးချပုံ
spacerdevcon command line utility ဆိုတာက device manager နဲ့ အတူတူပါပဲ။ Devcon ကိုသုံးပြီးတော့ enable,disable, restart, update, remove, qurey တွေကို devices တွေပေါ်မှာ လုပ်လို့ရတယ်။ Development and debugging tool ပါ။ သူ့ကိုသုံးချင်ရင်တော့ Devcon package ကို download လုပ်ရပါတယ်။ ၃၂ နဲ့ ၆၄ bit version တွေရှိပါတယ်။ package ထဲမှာ i384\Devcon.exe နဲ့ Ia64\Devcon.exe(64 bit) တို့ပါဝင်ပါတယ်။ Devcon.exe file ကို C:\windows\system32 ထဲကို Devcon.exe(64) ကို C:\windows\sysWOW64 ထဲကို ထည့်ရမှာဖြစ်ပါတယ်။ ဒါမှအလုပ်လုပ်မှာ ဖြစ်ပါတယ်။ Administrator အနေနဲ့ run ဖို့လိုပါတယ်။
spacer ဘယ်လို အသုံးပြုရသလဲဆိုတာကို အကျဉ်းရှင်းပြသွားပါမယ်။
spacerdevcon -m:\\computername find pci\*
spacercomputername ဆိုတဲ့နေရာမှာ မိမိကြိုက်တဲ့ computer name ကိုအစားထိုးလို့ ရပါတယ်။ အဲဒိကွန်ပြူတာမှာရှိတဲ့ PCI devices တွေအကုန်လုံးကို ရှာပေးမှာပါ။
spacerdevcon -r install %WINDIR%\Inf\Netloop.inf *MSLOOP
spacerMicrosoft loopback adaptor ကို တပ်ဆင်ပေးသွားမှာပါ။ -r ထည့်ထားတဲ့ အတွက်လိုအပ်ရင် restart လုပ်ပေးသွားမှာပါ။
spacerdevcon find pci\*
spacerမိမိ ကွန်ပြူတာပေါ်မှာရှိတဲ့ pci devices တွေကို ရှာပေးသွားမှာပါ။
spacerdevcon rescan
spacer plug and play devices တွေအသစ်ထပ်မံတပ်ဆင်မှုရှိမရှိ ပြန်လည်စစ်ဆေး ပေးသွားမှာပါ။
spacerdevcon remove @usb\*
spacerusb device တွေအကုန်လုံးကို ဖယ်ရှားပစ်မှာပါ။
spacerdevcon hwids=mouse
spacerHardware ID က mouse လို့ပါဝင်တဲ့ hardware တွေကိုဖော်ပြပေးသွားမှာပါ။ အသေးစိတ်ကိုဒီမှာဖတ်လို့ရပါတယ်။Click here
လက်တွေ့အသုံးချပုံ
spacerတစ်ချို့ devices တွေ အထူးသဖြင့် scsi device တွေကို power ပိတ်ထားမိရင် သူတို့ကို ပါဝါဖွင့်လိုက်ပေမယ့် ကွန်ပြူတာက မမြင်ရပါဘူး။ ဒီအခါမှာ ကွန်ပြူတာကို ပြန်စဖို့ လိုပါတယ်။ ဒါမှ မဟုတ်ရင် device manager မှာ "scan for hardware changes" ကိုနှိပ်ပေးရမှာပါ။ ဒီလို အလုပ်မျိုးကို Devcon rescan နဲ့ လုပ်လို့ရပါတယ်။ တစ်ခါတစ်လေမှာ ပုံထုတ်စက်(printer) မှာ ပြဿနာ(error) တက်ပြီးသွားရင် နောက်ကဖိုင်တွေကို ထုတ်လို့မရတော့ပါဘူး။ ဒါဆိုရင် အောက်မှာ ဖော်ပြထားတဲ့ code လေးကို text file တစ်ခုထဲကို ကူးထည့် rescan လို့နာမည်ပေး၊ extension ကို .bat,.cmd လို့ပေးပြီးရင် run လိုက်လို့ရပါပြီ။ တကယ်လို့ user action ကို စောင့်မနေချင် ဘူးဆိုရင် pause ကိုဖြုတ်လိုက်ပါ။

ဒီတစ်ခါ ဥပမာမှာတော့ serial mouse ကိုဖြုတ်တာကို ပြပါမယ်။