Advertisement

Monday, March 12, 2012

မြန်မာပြည်မှ အလွဲများ (၂)

သန့်ရှင်းသောအစိုးရအဖွဲ့ ဆိုတာအတော်ရယ်စရာကောင်းတဲ့စကားတစ်ခွန်းပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ နေပြည်တော်ဆိုတာကြီးကို မဆောက်ခင်က ဝန်ထမ်းအများစုက ရန်ကုန်မှာအလုပ် ဝင်ကြတာ  များပါတယ်။  နေပြည်တော်ကို ဆောက်လိုက်ပြီးတော့ အဲဒိ ကို ဝန်ထမ်းတွေ အကုန်ပြောင်းသွားကြ  ပါတယ်။ ပြဿနာတစ်ခုကတော့ Travelling Allowance (TA) တွေကို နေပြည်တော်ကို ပြန်တယ်လို့ယူဆပြီး ထုတ်ပေးနေတာပါပဲ။ တကယ်တော့  ဝန်ထမ်းအတော်များများက ခွင့်ရရင် နေပြည်တော်ကိုမပြန်ကြပါဘူး။
တကယ်ပြန်တဲ့နေရာ (သို့) အလုပ် ဝင်ခဲ့တဲ့နေရာအတွက်ကိုပေးသင့်တာပါ။ အခုတော့ မပြန်တဲ့နေရာ
တစ်ခုကို ပြန်တယ်ဆိုပြီးလိမ်နေကြရပါတယ်။ လိမ်နေတယ်ဆိုတာကို လူကြီးတွေက သိသိကြီးနဲ့    ခွင့်ပြုပေးနေပါတယ်။  ဝန်ထမ်းတွေကို မလိမ်လိမ်အောင် လုပ်နေသလိုပါပဲ။  ဒီလိုပုံစံနဲ့ကတော့  သန့်ရှင်းသော အစိုးရအဖွဲ့ဖြစ်ဖို့လိုပါသေးတယ်။ နောက်ပြီးတော့ ကားနဲ့ပြန်တာကိုလဲ ရထားနဲ့ ပြန်တယ်ဆိုပြီး TA ထုတ်ပေးပါတယ်။ ရထားကစီးလို့အဆင်ပြေရင်တော့စီးမှာပေါ့။ အဆင်မပြေ ရင်တော့လဲ မစီးဘူးပေါ့။အတင်းအကျပ်လုပ်ခိုင်းတာကတော့ မကောင်းပါဘူး။

Wednesday, March 7, 2012

မြန်မာပြည်မှအလွဲများ

အရင်အစိုးရရဲ့ ဆိုးမွေအတွေထဲက တစ်ခုဖြစ်တဲ့ ဝန်ထမ်းတွေ Bond စာချုပ်တွေနဲ့ ချည်နှောင်ထားတာ တွေကို ရပ်တန့်သင့်ပြီထင်ပါတယ်။ တစ်ချို့Bond တွေဆို ဆယ်နှစ်ဆယ်သိန်းတို့ ဆယ်နှစ် သိန်း (၅၀) တို့ နဲ့ ဝန်ထမ်းတွေအတော် ဒုက္ခရောက်ပါတယ်။ ထွက်လို့လဲ မရ၊ လျှော်ဖို့ကလဲမရှိ။လစာကလဲမလောက်မငှ နဲ့ပေါ့။ ဒီလိုနဲ့ပဲ အသက်တွေကြီးလာပြီး ပင်စင်ယူ တဲ့အချိန် မှာလက်ထဲမှာကလဲပိုက်ဆံကလဲမရှိ။ နေစရာအီမ်ကလဲ မရှိနဲ့ပေါ့။ ဝန်ထမ်းတွေအတွက် ဘာအာမခံချက် မှမပေးနိုင်မယ့်အတူတူတော့ထွက် ထွက်ခွင့်ပေး လိုက်တာကမှပိုကောင်းဦးမယ်။ ဘာကန့်သတ်ချက်မှ မရှိဘဲနဲ့ပေါ့။ လူတွေကိုနိုင်ငံအတွက် စချင် လာအောင် စည်းရုံးရမယ့်အစား ဖိနှိပ်ချုပ်ခြယ်နေတဲ့နည်း လမ်းတွေကို   ရပ်တန့်သင့်ပြီ ထင်ပါတယ်။ တစ်ချို့လူတွေ
ဆိုရင်နေစရာ မရှိလို့လစာ မလောက်မငှနဲ့ လုပ်နေရတာပါ။ မလုပ်ပြန်ရင်လဲ နေစရာက မရှိဘူး။